အဝါရောင်ရပ်ဝန်းငယ်

( 0 မှတ်ချက်)

6000 (ကျပ်)

စာအုပ် cover လေးမြင်တာနဲ့ ပျော်ရွှင်ခြင်းအနွေးဓာတ်လေး ရရှိစေမှာ ဖြစ်ပါတယ် ..။

motivate ဖြစ်စေမယ့် Tips လေးတွေ၊ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ လုပ်သင့်တဲ့ အချက်လေးတွေ၊ စိတ်ပင်ပန်းမှုတွေ ကြုံလာရင် စိတ်ကို အနားပေးတတ်ဖို့ စတဲ့ အကြောင်းအရာလေးတွေ ပါဝင်တဲ့ Healing Book လေးဖြစ်ပါတယ်။

ဒီနှစ်တွေကစပြီး ငါ့ကိုယ်ငါ စချစ်တတ်လာခဲ့တယ်။
တဖြည်းဖြည်းသိလာတာက
ငါကအများကြီးရင်ဆိုင်နိုင်လာပြီဆိုတာပါပဲ….။

ငါ့ကိုသဘောမကျတဲ့သူက
ဘယ်လိုဖြစ်ဖြစ် သဘောမကျတာမလို့
မလိုတဲ့ အမုန်းစကားတွေကို လိုက်ခံစားဖို့
ဂရုစိုက်နေဖို့ အချိန်တွေမရှိတော့ဘူး။

ငါ့ကိုအချိန်မပေးချင်တဲ့သူကို
messageတွေ အများကြီးမပို့တော့သလို
replyပြန်လာတာကို တကူးတက ထိုင်စောင့်မနေတော့ဘူး
လိုအပ်သလောက်ပဲ ပြန်တုံ့ပြန်တော့တယ်။

အမှားမရှိအောင် ပြည့်စုံနေတဲ့သူ မဟုတ်ပေမဲ့
မုန်းရင်တောင် လျစ်လျူရှုရုံအပြင်
ထိခိုက်ဖို့မလုပ်ခဲ့ဖူးတဲ့သူမလို့ ။။

ငါ့ကိုယ်ငါရော တစ်ခြားသူတွေကိုပါ
အပြစ်တင်တာမျိုးမလုပ်တော့ပဲ ခွင့်လွှတ်တတ်ခဲ့တယ်။
နည်းနည်းလောက် အမှားလုပ်မိလို့လည်း
အဆင်ပြေတယ်။

သေချာပေါက်
ကြိုးစားပေမဲ့ ဖြစ်မလာနိုင်တဲ့ကိစ္စတွေ
ဒဏ်ရာတွေ အများကြီးနဲ့ တိတ်တဆိတ်ငိုကြွေးရတဲ့ ညတွေ
ရှိလာနိုင်ဦးမှာပေမဲ့
ဒီလောကကြီးထဲမှာ ငါ့ကို ပျော်ရွှင်စေတဲ့ စာအုပ်တွေ
အများကြီး ဖတ်ဖို့ ရှိနေသေးသလို
ငါမြင်ချင်တဲ့ ပန်းတွေ မြို့ကလေးတွေလည်း
ရှိနေသေးတာပဲလေ။

တစ်ယောက်ထဲ
ဖြတ်ကျော်နိုင်မှာ သိပြီးသားမလို့
ငါသဘောကျဆုံး အရောင်လေးက
ပျော်ရွှင်နေတဲ့ငါကိုယ်တိုင်ပဲဖြစ်ပါလိမ့်မယ်။

စာမျက်နှာ

118

စာအုပ်အရွယ်အစား

5.4 x 0.2 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ကိုလတ်စာပေ၊2024၊ မေလ(ပထမအကြိမ်)

2 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အဝါရောင်ရပ်ဝန်းငယ်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

lavender pan စာအုပ်များ