အမှတ်တရ ရသသိမြင်
5000 (ကျပ်)
ဆရာနန္ဒသိန်းဇံသည် ဒဿနိကဗေဒပါမောက္ခ၊ စာရေးဆရာ၊ ဒဿနပညာရှင်တစ်ဦးဖြစ်ပါသည်။ ယခုစာအုပ်သည် ဆရာ၏တပည့် ဒဿနိကဗေဒ အငြိမ်းစားပါမောက္ခများ၊ တက္ကသိုလ်အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ကထိက၊ လက်ထောက်ကထိက၊ နည်းပြဆရာ၊ဆရာမများ နှင့် ဆရာ၏ စာကိုမြတ်နိုးသူ စာရေးဆရာများ၊ စာဖတ်သူများကစုပေါင်းရေးသားထားသော စာအုပ်ဖြစ်ပါသည်။ ဆရာ၏တွေးမြင်ပုံ၊ ရေးဖွဲ့ပုံ၊ စာသင်ကြားပုံ၊ တပည့်များအပေါ်စိတ်ထားပုံစသည်တို့ကို အခြေပြု၍ ဆရာ၏ ဒဿနနှင့်ရုပ်ပုံလွှာတို့ကို ရေးသားထားခြင်းဖြစ်ပါတယ်။
မြေမှမြစ်သို့
ဖြူရော်ရော်လမ်းကလေး
ဘယ်ကွေ့ကာ ညာကောက်နဲ့
အော်..ဘယ်ရောက်လဲမသိ…
ငါ့ဘ၀ခရီးရှည်
သည်ကမ်းကခွာ ဟိုသောင်ဖြတ်နဲ့
နားရတယ် ဘယ်မရှိ
လွမ်းမောဖွယ်အပြည့်…{နန္ဒသိန်းဇံ}
စာမျက်နှာ | 434 |
---|---|
စာအုပ်အရွယ်အစား | 5.3 x 0.7 x 8.3 inches |
ပုံနှိပ်မှတ်တမ်း | လှိုင်းသစ်စာပေ၊ 2021 ဖေဖော်ဝါရီ |
5 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ