သူများတွေလဲ ရပါစေ
7000 (ကျပ်)
စာရေးသူ ဖြတ်သန်းရာ ဘဝအတွေ့အကြုံများ၊ ကြုံဆုံရသောအဖြစ်အပျက်များ ၊ လူ-တိရစ္ဆာန် ရုပ်ဝတ္ထုတို့အပေါ် ဝင်စားသက်ဝင်လျက် ရေစီးကြောင်းတစ်လျှောက် ထိတွေ့တွန်းတိုက်မိသမျှ သယ်ဆောင်သွားသော မြစ်တစ်စင်း၏ တာဝန်ကျေပွန်မှုမျိုးဖြင့် ဖွဲ့နွဲ့ရေးသားထားသော ချစ်စဖွယ်ရသအက်ဆေးလေးများဖြစ်ပါတယ်။
“ဝလုံးလေး ဝိုင်းပိုင်း ဘယ်တော့ရေးရမလဲ” အက်ဆေးမျိုးက နေ့စဉ် ဖြတ်သန်းမှုထဲက ထိုးဆွယက်ကော် ရရှိလာသော ရတနာမျိုး ဖြစ်သည်။
“အခန်းနံပါတ်(၂၃)” တွင် အေးမွန်၏ ဘာသာရေးအမြင်နှင့် ရင့်ကျက်မှုကိုတွေ့မြင်နိုင်သည်။
အလားတူပင် “ပဉ္စန္တရာဇ်မှာ ပွင့်တဲ့ ပန်းပွင့်တွေရဲ့ လွမ်းခွင့်ဖိုင်ယာရီ” ထဲမှာ သေခြင်းတရားအပေါ် ထားသည့် သဘောထားအမြင်နှင့်အတူ အများနှင့် မတူသော (မတူရာ ရှုထောင့်) မှ နေရာယူထားသည်ကို တွေ့ရသည်။ စာတစ်ပုဒ်မှာ စာရေးသူ ဘယ်ရှုထောင့်က နေမလဲ ဆိုသော အချက်ကို သတိထားမိစေသည်။
“ရင်ကွဲနာ” က ဖတ်သူရင်ကို တမြေ့မြေ့ ကျွမ်းဆူစေတာ အမှန်ပင်။ လူနှင့်တိရစ္ဆာန်ကြား ထားအပ်သော စာနာခြင်းတရားကို ပြဆိုနေသည်။
အေးမွန်က ရပ်တံ့နေသူ မဟုတ်။ ရုန်းဆံ့တိုးဝင်လိုသူ။ သူ့ဘဝ ပြဋ္ဌာန်းချက်များက သူ့ကို ရင့်မာစေခဲ့ပြီ။ ထို့ကြောင့် သူ့လက်မှ “ပုံပြင်သစ်” လို အတွေးလှလှ အက်ဆေးလေးတွေ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
အလားတူပင် စကားအဆိပ်၊ လူအဆိပ်တွေနဲ့ ဝေးရာ “မြစမ်းကို တို့ မိသားစုရှိရာ သောင်ပြင်သာသို့ ကျွန်မ ရောက်ဖူးချင်စမ်းပါဘိ။
ခေတ်ကြီး မကောင်းသည့်အကြောင်း၊ ခေတ်၏ ယိမ်းထိုးလှုပ်ခါမှ များအကြောင်းကို ခေတ်စကား တစ်ခွန်းမျှ မဆိုဘဲ “မကောင်းတဲ့မိန်းမ” အက်ဆေးထဲမှာ ဇာတ်ကောင်မှတစ်ဆင့် ပြောသွားသည်မှာ ဘယ်အချိန် ဖတ်ဖတ် ခေတ်မီနေမည့် အက်ဆေးတစ်ပုဒ် ဖြစ်သည်။
ခရီးသွားခြင်းမှ ရရှိသည့် အတွေ့အကြုံများကို ခံစားဖွဲ့သီထားသည့် “ကန့်လန့်ကာခြားပေမဲ့ တစ်ကမ္ဘာသားတော့ မဖြစ်စေလို” အက်ဆေးမျိုးက ခရီးသွား အတွေ့အကြုံကို နှစ်သက်သော ကျွန်မတို့ စိတ်ကြိုက်တွေ့သည့် စာတစ်ပုဒ် ဖြစ်သည်။
အေးမွန်… သူဆေးစက်ကျရာ အရုပ်ထင်သွားပါပြီ။ ပန်းပဲတိုက် သုသာန်သို့ ရောက်ရှိသွားကာ ရရှိလာသော “ပန်းနှစ်ပွင့် ဒိုင်ယာရီ” ကတော့ သည်ထက် လေးနက်သော သုသာန်မြေ ဝန်းကျင်မြင်ကွင်းနှင့် သေခြင်းတရားတို့ လွန်းထိုးယှက်ငင်မှုကို ပြစေချင်သည်။
(ဆရာမမိချမ်းဝေ၏ အမှာစာမှ ကောက်နှုတ်ဖော်ပြချက်)
| စာမျက်နှာ | 176 |
|---|---|
| စာအုပ်အရွယ်အစား | 5.3 x 0.3 x 8.3 inches |
| ပုံနှိပ်မှတ်တမ်း | ဇလပ်နီစာပေ 2023 နိုဝင်ဘာလ |
2 in stock








ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ