ဝတ္ထုထဲက တက္ကသိုလ်
2500 (ကျပ်)
တခါတုန်းက တက္ကသိုလ်၏ အခန်းကဏ္ဍကို ယနေ့မျိုးဆက်သည်မသိရှိကြတော့ပါ။ ထို့ကြောင့် ဟိုတုန်းက တက္ကသိုလ်၊ တက္ကသိုလ်ကျောင်းသားများ၏ အခွင့်အရေး၊ လှုပ်ရှားမှုစသည်တို့ကို ယနေ့လူငယ်များ သိရှိစေရန် ရနံ့သစ် မဂ္ဂဇင်းတွင် ရေးဖြစ်ခဲ့ကြသော ဆောင်းပါများဖြစ်ပါတယ်။
ကျွန်တော်တို့သည် လက်ရှိပညာရေးစနစ်၊ တက္ကသိုလ်၏ အခန်းကဏ္ဍ၊ ကျောင်းသားများ၏အဆင့် စသည်တို့ကို ကြည့်ပြီး ယခင်က ရှိခဲ့သော တက္ကသိုလ်၊ တက္ကသိုလ်ကျောင်းသား၊ တက္ကသိုလ်ပညာရေး၊ အဆောင်နေ ကျောင်းသားများ၏ အခွင့်အရေးစသည်တို့ကို ယနေ့လူငယ်များ သိရှိလာစေရန် ဟိုတုန်းကတက္ကသိုလ်အကြောင်းကို ရေးသားသင့်သည်ဟု ယူဆ ယုံကြည်ခဲ့မိပါသည်။
ဤစာအုပ်ပါ “ဝတ္ထုထဲက တက္ကသိုလ်” သည် ရှေးခေတ်တက္ကသိုလ်များသာဖြစ်ပါသည်။ တနည်းဆိုသော် ယခုခေတ် တက္ကသိုလ်များထက် ဥပဓိရုပ်ကောင်းသော တက္ကသိုလ်များ ဖြစ်ပါသည်။
ယခုစာအုပ်တွင် ဇဝန ၏ ကောလိပ်ကျောင်းသား၊ သိန်းဖေမြင့် ၏ အရှေ့က နေဝန်းထွက်သည့်ပမာနှင့် သပိတ်မှောက်ကျောင်းသား၊ နတ်နွယ်၏ အပြာ-အဝါ၊ တက္ကသိုလ်ဘုန်းနိုင်၏ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်နှင့် ကမ္ဘာကုန်ကျယ်သရွေ့၊ ကျော်အောင်၏ သမဂ္ဂအလံတော်အောက်ဝယ်၊ ခင်မျိုးချစ်၏ ကောလိပ်ကျောင်းသူ၊ ငြိမ်းကျော်၏ ချစ်ခြင်းတရား၏ ကျေးဇူးမဲ့စကားကို ထာဝရမဆိုတတ်သော၊ သိန်းသန်းထွန်း၏ အချစ်ရူးလေးရဲ့ အချစ်ဦး စသည်ဖြင့် ခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့သည့် ဝတ္ထုထဲက တက္ကသိုလ်များကို လှစ်ဟရှုမျှော်ကြည့်ထားသည့် ရန်ကုန် တက္ကသိုလ် နှစ်(၁၀၀) ပြည့် အမှတ်တရ ဆောင်းပါးစာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
| စာမျက်နှာ | ၁၈၄ |
|---|---|
| စာအုပ်အရွယ်အစား | 5.5x 0.3 x8.2 inches |
| ပုံနှိပ်မှတ်တမ်း | အမြွှာညီနောင်၊ 2019 ဒီဇင်ဘာလ (ပ-ကြိမ်) |
Out of stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ