အနာ
8000 (ကျပ်)
” ကူးက ဘယ်သူ့ကိုမှ ဆွဲခေါ်ထားသူ မဟုတ်ပါဘူး။ ဒါပေမဲ့ လူတွေ တဖွဲ့ဖွဲ့နဲ့ ရောက်လာကြတယ်။ ပြီးရင်လေ ကူးကို စွပ်စွဲကြသေးတယ်။ ကူးက နေလိုပူတဲ့ မိန်းမပဲတဲ့။ ကူး ဘာသာ ကူး ရပ်နေတာပဲလေ။
ကြည့်မိတဲ့သူက စူးမယ်။ ပြီးရင် မျက်လုံးကို စုံမှတ်ပြီး စူးလိုက်တဲ့ နေရယ်လို့ စွပ်စွဲခံရသလိုမျိုးပဲ ။ အချို့ကလည်း ဆိုကြသေးတယ်။ မိန်းမရွှင် ပညာသည် မိကူးတဲ့ ”
ရထားသံလမ်းဘေးက မိန်းကလေးတစ်ယောက်။ အဲဒီတုန်းက ကျွန်တော်က လူပျိုပေါက်အရွယ်။ သူနဲ့ဆုံဖူးတာက ည၉ နာရီအချိန်လောက်ထင်တယ်။ သီတင်းကျွတ် လပြည့်နေ့ပါ။ကလေးတစ်ယောက်ကို လက်ဆွဲပြီး သံလမ်းမှာလမ်းလျှောက်နေတဲ့ သူ့ကို သတိထားမိခဲ့တယ်။
နောက် ကျွန်တော်ဟာ သူနဲ့ရင်းနှိီးလာ။ သူက ဘဝအတွေ့အကြုံများစွာကို ဖြတ်သန်းဖူးတဲ့ မိန်းကလေး။ အင်မတန် သိမ်မွေ့ပြီး နားလည်ရခက်တဲ့ မိန်းကလေးပါ။ တစ်ခါတရံ ကျွန်တော့်ကို လှောင်တယ်။ သူ အတည်ပြောနေတာလား၊ တမင်ပြောနေတာလား ကျွန်တော်မမှန်းတတ်။
ဆိုပါစို့၊ တစ်ခါတလေမှာ သနားချင်အောင်ပြောတယ်။ ကျွန်တော်က စိတ်ဝင်တစား နားထောင်ပြီး သူစိတ်ပြေအောင် တစ်ခုခုအစပျိုးမိပြီဆိုရင် သူကရယ်တယ်။ သူ့အမူအယာတွေကို အခြေပြုပြီး ဒီစာအုပ်ကို ရေးဖြစ်တာပါ။
ယူစရာသင်ခန်းစာတွေတော့ ပါမှာမဟုတ်ပါ။ ဒါပေမဲ့ အမြင်မတူတာတွေတော့ ပါကောင်းပါနိုင်ပါလိမ့်မယ်။စကားကြီးတွေလို ထင်ရတာမို့ ကြီးကျယ်တဲ့ဝတ္ထုတော့ မဟုတ်ပါဘူး။ သာမန် ပေါ့ပေါ့ပါးပါး အချစ်ဝတ္ထုတစ်ပုဒ်မျှသာပါပဲ။
သို့သော် ခပ်ပေါ့ပေါ့ ရေးခဲ့တာတော့ မဟုတ်ပါဘူး။ ရည်ရွယ်ချက်တစ်ခုကို ဇောင်းအေးပြီးရေးဖြစ်ခဲ့တာပါ။စကားလုံးတစ်လုံးလောက် ကျန်ခဲ့တယ်ဆိုရင်ပဲ ကျေနပ်ပါပြီ။
| စာမျက်နှာ | 192 (Burma Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.5× 0.4 ×8.1 inches |
| ပုံနှိပ်မှတ်တမ်း | စာရိပ်မြိုင်စာပေ 2025ခုနှစ် ၊ မတ်လ ၊ ပထမအကြိမ် |
12 in stock








ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ