မရှာဘဲလာအောင်လုပ်ပါ
21000 (ကျပ်)
လူမသိတဲ့လုပ်ငန်းက ရောင်းရဖို့မလွယ်ဘူး။ ဘယ်သူတွေသိရမလဲ။ အလားအလာရှိတဲ့ ဖောက်သည်တွေသိရမယ်။ ဒီတော့ အလားအလာရှိတဲ့ ဖောက်သည်တွေ ဘယ်မှာရှိနေလဲ ရှာဖွေကြည့်။ ကိုယ့်လုပ်ငန်းကို ဘယ်လိုသိစေချင်လဲ ဆက်သွယ်ကြည့်။ သိပြီး သဘောကျရင် စမ်းဝယ်ကြည့်လိမ့်မယ်။ ဝယ်လို့အဆင်ပြေရင် ယုံကြည်လိမ့်မယ်။ ယုံကြည်ရင် ဆက်ဝယ်လိမ့်မယ်။ ဒီထက်အဆင်ပြေရင် ညွှန်းလိမ့်မယ်။
မားကက်တင်းရဲ့ ရေရှည်ရည်ရွယ်ချက်က အမှတ်တံဆိပ်နဲ့ လုပ်ငန်းတွေ တည်ဆောက်ဖို့ပါပဲ။ အမှတ်တံဆိပ်ဆိုတာ လိုဂိုကိုပြောတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ရပ်တည်ချက်ကို လူတွေသိတာ။ နာမည်တစ်လုံးနဲ့နေတယ်ဆိုတာ ကြားဖူးလိမ့်မယ်။ ဒီလို နာမည်တစ်လုံးနဲ့နေတဲ့လုပ်ငန်း၊ ထုတ်ကုန်၊ လူပုဂ္ဂိုလ်ကို ဖောက်သည်တွေယုံပြီးလာရှာဖွေဝယ်ယူတာ ဒါကို အမှတ်တံဆိပ်လို့ခေါ်ပါတယ်။ မားကတ်တင်းရဲ့ရေရှည်ရည်ရွယ်ချက်က ရှာစရာမလိုဘဲ လာအောင်လုပ်ဖို့ပါ။
လုပ်ငန်းပိုင်ရှင်ရဲ့ ပုဂ္ဂိုလ်ရေးအမှတ်တံဆိပ် Personal Brand ပဲတည်ဆောက်တည်ဆောက်၊ ကုမ္ပဏီအမှတ်တံဆိပ် Company Brand ပဲတည်ဆောက်တည်ဆောက်၊ နယ်ပယ်တစ်ခုရဲ့ အကန့်တစ်ခုအတွက်ပဲ Category Brand ပဲတည်ဆောက်တည်ဆောက်၊ ထုတ်ကုန်ရဲ့အမှတ်တံဆိပ် Product Brand ပဲတည်ဆောက်တည်ဆောက် မားကက်တင်းလိုပါတယ်။ အပြောင်းအလဲတစ်ခုလုပ်ချင်တိုင်း မားကက်တင်းလိုပါတယ်။
စာရေးဆရာအမှာစာမှ ကောက်နှုတ်ဖော်ပြချက်
===
ယခုစာအုပ်မှာ မားကင်းတင်းနဲ့ အရောင်းဆိုင်ရာ အသိပညာတွေ၊ ကိုယ့်ရဲ့ Personal Brand၊ ကိုယ့်ရဲ့လုပ်ငန်းတိုးတက်ရေးမဟာဗျူဟာတွေ၊ ဆိုရှယ်မီဒီယာနဲ့ AI ကိုထိရောက်စွာအသုံးချနိုင်မယ့်နည်းလမ်းတွေ စသဖြင့် ဖတ်ရှုရမှာဖြစ်ပါတယ်။
| စာမျက်နှာ | 134(Woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.1 x 0.5 x 7.7 inches (Hard Cover) |
| ပုံနှိပ်မှတ်တမ်း | စာပေလမ်း 2025 ၊ ဇူလိုင်လ (ပထမအကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 6.7.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 21,000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
23 in stock





Ma Yoon Sandi Heni –
အရမ်းကောင်းတယ်…ဒီစာအုပ်ကိုဖက်ပြီးအတွေ့အကျုံတွေရမယ်အရမ်းကိုမှကောင်းတဲ့စာအုပ်ပါဖက်ကြည့်ပါနောင်တမရစေရဘူး