
ချမ်းသာခြင်းဆီသို့ခြေလှမ်းများ
15000 (ကျပ်)
ဤလောကကြီးရှိ လူတိုင်းလိုလို ချမ်းသာချင်ကြသည်မှာ ဓမ္မတာပင်ဖြစ်ပါသည်။ ကျွန်တော်သည်လည်း ချမ်းသာအောင်မြင်လိုသည့် လူများစုထဲတွင် တစ်ယောက်အပါအဝင် ဖြစ်ပေသည်။ ထို့ကြောင့်ပင် ချမ်းသာအောင်မြင်မှုကို အထောက်အပံ့ဖြစ်စေမည့် အကြောင်းတရားများကို တတ်စွမ်းသမျှ လေ့လာခြင်း၊ ရှာဖွေခြင်း လိုက်နာကျင့်သုံးခြင်းတို့ ပြုခဲ့ပါသည်။ သည့်အတွက်လည်းထိုက်သင့်သော ကောင်းကျိုးများကို ခံစားခဲ့ရပါသည်။ အမှန်ကိုဆိုလျင်မူ ချမ်းသာခြင်းအစစ်သည်ကား အသိဉာဏ်နှင့်ယှဉ်သော အသိစိတ်တွင်သာ တည်ပေမည်။ လောကီအကျိုးစီးပွား ချမ်းသာမှုမှာမူ ကံ၊ ဉာဏ်၊ ဝီရိယ တည်းဟူသော အချက်ကြီးသုံးချက်ကသာ အဓိကကျကြောင်း မြတ်ဗုဒ္ဓက ဟောမိန့်တော်မူထားခဲ့ပါသည်။ ထို့အပြင် “ကောင်းတာလုပ်မှ ကောင်းတာဖြစ်မည်” ဟူသော တရားဓမ္မ၏ အခြေခံ “ကမ္မဿကတ သမ္မာဒိဠိ” သဘောကိုလည်း မြတ်ဗုဒ္ဓက ဟောမိန့်တော်မူထားခဲ့ပြန်သည်။ ထို့အပြင် “ကောင်းတာလုပ်မှ ကောင်းတာဖြစ်မည်” ဟူသော တရားဓမ္မ၏ အခြေခံ “ကမ္မဿကတ သမ္မာဒိဠိ” သဘောကိုလည်း မြတ်ဗုဒ္ဓက ဟောမိန့်တော်မူထားခဲ့ပြန်သည်။ ကျွန်တော့်ခံယူချက်မှာ ကျွန်တော်တို့ကို ပုထုဇဉ်တို့ဘ၀တွင် ဆင်ခြင်သင့်၊ လိုက်နာသင့်၊ ကျင့်သုံးသည်တို့ကို သက္ကာယစွဲပင် ပါနေသော်ငြား ဉာဏ်ဖြင့် နှိုင်းချင့်ဆင်ခြင်၍ လိုက်နာကျင့်သုံးကာ ဝီရိယဖြင့် ကြိုးစားရင်း ကောင်းမှုကုသိုလ်ကံတို့ကို မြှင့်တင်ပေးခြင်းသည် သဘာ၀ကျသော ကြိုးစားမှုဟု ခံယူထားမိခဲ့ပါသည်။ ထို့ကြောင့်လည်း ကျွန်တော် ရှာဖွေစုဆောင်း၍ လိုက်နာကျင့်သုံးခဲ့သော လောကီပညာအပါအဝင် ဂါထာတော်တချို့နှင့်ကျင့်စဉ်များကို မဂ္ဂဇင်း၊ ဂျာနယ်တို့မှတစ်ဆင့် ပရိသတ်ထံ တင်ပြခဲ့ပါသည်။ ယခုထိုဆောင်းပါးတစ်ချို့ကို စုစည်းကာ “ချမ်းသာခြင်းဆီသို့ ခြေလှမ်းများ”အဖြစ် တစ်စုတစ်ဝေးတည်း လက်ဆင့်ကမ်းလိုက်ပြီး ချမ်းသာအောင်မြင်ဖို့အတွက် အမှန်တကယ် အထောက်အပံ့ဖြစ်စေသည့် နည်းစနစ်ကောင်းများကို လက်ဆင့်ကမ်းပေးလိုက်ခြင်းပင် ဖြစ်ပါသည်။ ကျွန်တော်ကိုယ်တိုင် ယုံကြည်သုံးစွဲသော ဗဟုသုတပညာရပ်တချို့ကို တင်ပြပေးလိုက်ခြင်းဖြစ်ပါသည်။
| စာမျက်နှာ | 206 (woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.2 × 0.4 × 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ဂျာနယ်လစ်စာပေ၊ 2026 ဖေဖော်ဝါရီလ (စတုတ္ထအကြိမ်) |
32 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ