ဝါးတားဂိတ်
9000 (ကျပ်)
“အမှိုက်ကစ ပြာဿဒ် မီးလောင်” ဆိုသော မြန်မာစကားပုံတစ်ခု ရှိပါသည်။
ယခု ဝါးတားဂိတ်အရေးအခင်းကို ထိုစကားပုံဖြင့် တင်စားလျှင် အဆီလျှော်ဆုံးဖြစ်မည်ဟု စာရေးသူမှ ယူဆကြောင်း အမှာစာမှာ ဖော်ပြထားပါသည်။
ဝါးတားဂိတ်မှုခင်းသည် အမှိုက်ပေါ်သို့ ကျလာသည့် သာမန်မီးပွားငယ်ကလေးတစ်ခုသာ ဖြစ်ပါသည်။
သို့သော်လည်း မီး ကူးစက်လောင်ကျွမ်းရန် လွယ်ကူသည့် ရှုပ်ထွေးပွေလီသော အမှိုက်များက ယင်းမီးပွားတစ်ဝိုက်တွင် အသင့်ရှိနေကြရာမှ ထိန်းမနိုင် သိမ်းမရသည့် အခြေသို့ ဆိုက်ရောက်လာပါသည်။
နောက်ဆုံး၌ ပြာဿဒ်ကြီးပင်လျှင် ပြာပုံသို့ ကူးပြောင်းရလေတော့သည်။
မီးပွားငယ်သည် အမှိုက်ပေါ်သို့ ဘာကြောင့်ကျရသနည်း။ ထိုအမှိုက်ငယ်၏ ပတ်လည်တွင် ရှုပ်ထွေးပွေလီသော အမှိုက်တို့သည် ဘာကြောင့်ရှိနေကြသနည်း ဟူသောအချက်ကို ပေါ်လွင်စေရန် စာရေးသူမှ အားထုတ်ကြိုးပမ်းရေးသားထားပါသည်။
ဝါးတားဂိတ်အရေးအခင်းဆိုသည်မှာ –
– ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များကို ဘေးဖယ်ထားရန် ကြိုးစားမိရာမှ ကြိုးစားသောသူသာ ဘေးသို့ ရောက်သွားရသောအဖြစ်၊
– သမ္မတသည် တရားဥပဒေများ၏အပေါ်တွင် နေလိုရာမှ တရားဥပဒေများသည် သမ္မတအပေါ်သို့ ရောက်ရှိသွားရသောအဖြစ်၊
– တိုင်းသူပြည်သားတို့၏ ရပိုင်ခွင့်ကို ရုပ်သိမ်းရန် ကြိုးပမ်းမိရာမှ ကြိုးပမ်းသူ သမ္မတသည် သမ္မတ၏အခွင့်အာဏာများ ရုပ်သိမ်းခြင်းကို ခံလိုက်ရသော အဖြစ်များသာလျှင် ဖြစ်ပါသည်။
| စာမျက်နှာ | 202 (woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.7 x 0.4 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2022 ၊ မတ်လ (တတိယအကြိမ်) |
2 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ