မျက်မှောက်ခေတ်စစ်ပွဲများနှင့်ဒရုန်း၏အခန်းကဏ္ဍ

( 0 မှတ်ချက်)

12000 (ကျပ်)

မျက်မှောက်ခေတ်စစ်ပွဲများ၌ ဒရုန်းအသုံးပြုမှုများတွင်ကျယ်အရေးပါလာပြီး ၁၉၉၀ ပင်လယ်ကွေ့စစ်ပွဲနောက်ပိုင်း စစ်ဘက်နည်းပညာအံ့မခန်းတိုးတက်ပြောင်းလဲမှုများနှင့်အတူ စစ်မှုရေးရာအတွေးအမြင်ပြောင်းလဲမှုများဖြစ်ပေါ်လာခဲ့ရာ စစ်ပွဲအောင်နိုင်ရေး၏ အခြေခံအကျဆုံးနှင့်အရေးအကြီးဆုံးကဏ္ဍဖြစ်သော လေကြောင်းအရေးသာမှုနှင့် လေကြောင်းစိုးမိုးမှုများတွင် လူလိုက်ပါမောင်းနှင်သောလေယာဥ်များအစား လူလိုက်ပါမောင်းနှင်ရန်မလိုအပ်သော မောင်းသူမဲ့လေယာဥ်များ အသုံးပြုသွားရန် စိတ်ကူးကြံဆမှုများသည်လည်းတိုးတက်ဖြစ်ထွန်းလာခဲ့သည်။ ကမ္ဘာ့စစ်သမိုင်းတွင် မောင်းသူမဲ့လေယာဥ်အယူအဆသည် ၁၈၉၀ ၀န်းကျင်ကတည်းက ဖြစ်တည်လာခဲ့သော်လည်း စစ်မှုရေးရာကိစ္စရပ်များအတွင်း မောင်းသူမဲ့လေယာဥ်များအား အသုံးပြုရန်ဟူသော စိတ်ကူးကြံဆမှုများသည်ကား ၁၉၉၀ စစ်မှုရေးရာနည်းပညာတိုးတက်ပြောင်းလဲမှုများနှင့်အတူ တွင်ကျယ်လာခဲ့သည်ဖြစ်ရာ စရိတ်သက်သာခြင်း၊ သုံးစွဲရန်လွယ်ကူခြင်း၊ ထုတ်လုပ်ရန်လွယ်ကူခြင်းစသည့်အားသာချက်များကြောင့် မျက်မှောက်ခေတ်စစ်ပွဲများအတွင်း မောင်းသူမဲ့လေယာဥ်ခေါ် ဒရုန်းများသည်အဓိကကျသည့်အခန်းကဏ္ဍမှပါ၀င်လာပုံအား သမိုင်းနောက်ခံ၊ ထင်ရှားသည့်စစ်ပွဲများနှင့် နည်းပညာဆိုင်ရာဆန်းသစ်တီထွင်မှုများနှင့်တကွစုဆောင်းပြုစုရေးသားထားသည်။

စာမျက်နှာ

199(woodfree paper)

စာအုပ်အရွယ်အစား

5.2 x 0.4 x 8.1 inches

ပုံနှိပ်မှတ်တမ်း

Aww Kyuu Mediaစာပေ၊ 2024 ဒီဇင်ဘာလ (ပထမအကြိမ်)

Out of stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မျက်မှောက်ခေတ်စစ်ပွဲများနှင့်ဒရုန်း၏အခန်းကဏ္ဍ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ရဲကျော် စာအုပ်များ