Walking Tall (ခေါင်းမော့လျှောက်ပါ)
8000 (ကျပ်)
ဆရာမယုနွယ်လင်းရဲ့ တတိယမြောက်စာအုပ်ဖြစ်တဲ့ Walking Tall ခေါင်းမော့လျှောက်ပါ စာအုပ်မှာ ခေါင်းစဉ်အခုရေ ၃၀ အောက်ကနေ Relationships အကြောင်းတွေ၊ ငွေကြေးစီမံမှု၊ မိမိကိုယ်ကို ချစ်မြတ်နိုးရာမှာ မှန်ကန်သောနည်းလမ်းနဲ့ Toxic ကင်းစွာ ချစ်တတ်ဖို့၊ စိတ်ဓာတ်ကျတဲ့နေ့တွေ Motivation ပျောက်တဲ့နေ့တွေမှာလည်း အလုပ်ဖြစ်အောင် စွမ်းဆောင်နိုင်ဖို့၊ လုပ်ငန်းခွင်နဲ့ နေ့စဉ်ဘဝ ညီမျှအောင် ထိန်းသိမ်းနိုင်ဖို့၊ လိုအပ်တဲ့ skills တွေ နည်းလမ်းတွေကို အချက်အလက်များနဲ့ ဆရာမရဲ့ အတွေ့အကြုံကို ထည့်ပေါင်းရေးသားထားပါတယ်။ ဒီစာအုပ်ကို ဖတ်ပြီးသွားရင် ကိုယ့်ကိုယ်ကိုယ် တကယ်ရော ချစ်ရဲ့လား၊ ချစ်ပုံချစ်နည်း မှန်ရဲ့လား၊ အပြောင်းအလဲပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းနေတာလား ထွက်ပြေးနေတာလား မိမိကိုယ်ကို သုံးသပ်ပြီး အဖြေတစ်ခုတော့ ရနိုင်မယ်လို့ ထင်ပါတယ်။
“Walking Tall တစ်အုပ်လုံးက ကိုယ်တိုင်ဖြတ်သန်းနေရတဲ့ဘဝကို ကျော်ဖြတ်ရင်းရတဲ့ အတွေ့အကြုံတွေကိုချည်း ပြန်ရေးထားတာပါ။ အားထုတ်တဲ့ဖြစ်စဥ်အတွက်က လူတကာသိပြီးသား Chasing ရုံ Working Hard ရုံလောက်ကို ဘယ်ခေါ်မှာလဲ။ ပိုသိမှ ပိုနားလည်မှ ပိုတည်ငြိမ်မှ ပိုရင့်ကျက်မှ ပိုသန်မာပြီး ပိုစိတ်စွမ်းအားမြင့်မှ မှန်ကန်တဲ့ အားထုတ်ခြင်း လမ်းစဥ်ဆီရောက်ရှာတာ။ ဒါကြောင့် လူတကာကို မှန်ကန်တဲ့ရွေးချယ်မှုတွေကို ဆုံးဖြတ်နိုင်အောင် ကိုယ်တတ်စွမ်းသလောက် ပြန်ရေးခဲ့တာပါ။ ရည်ရွယ်ချက်က မနက်ဖန်ကိုထည့်တွေးရမယ် မနက်ဖန်တွေတိုင်းဟာ အသက်ရှင်နေသ၍ အမှန်တကယ်ရှိတယ် အရာရာလက်ခံပြီး စိတ်လျှော့လိုက်ရင် ပိုပိုဆိုးတဲ့မနက်ဖန်တွေချည်း ဖြတ်သန်းရလိမ့်မယ်။ ဖြစ်သမျှအကြောင်းအကောင်းဆိုတာထက် မကောင်းရင် နောက်ပိုကောင်းအောင်နေမှာပေါ့။
Well if you want to be something, you gotta do something about it huh. And so do I.”
| စာမျက်နှာ | 115(Burma Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.4 × 0.2 × 8.3 inches |
| ပုံနှိပ်မှတ်တမ်း | Star Dust Book House၊ 2025 နိုဝင်ဘာလ (ဒုတိယအကြိမ်) |
14 in stock







ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ