တက္ကသိုလ်ဝင်ခွင့်ရက်စွဲများ

( 0 မှတ်ချက်)

2500 (ကျပ်)

“….နယ်မြို့လေးတစ်မြို့က သိပ်မချမ်းသာတဲ့ မိခင်တစ်ယောက်ဟာ
သူ့သမီးလေးရဲ့တက္ကသိုလ်ဝင်ခွင့်ကို ပိုမိုတောက်ပစေချင်လွန်းလို့ မြို့ပြက သူစိမ်းတွေအလယ်ကိုတစ်နှစ်တာ ပို့ပေးခဲ့မိပါတယ် ….
အဲ့ဒီ တက္ကသိုလ်ဝင်ခွင့် ရက်စွဲတွေကတော့ ကျမရဲ့ဘဝမှာ နောက်တစ်ကြိမ် ထပ်မလိုချင်တော့တဲ့ဒဏ်ရာအထပ်ထပ်နဲ့ ကြောက်မက်ဖွယ်ရာ ရက်စွဲတွေပဲ ဖြစ်လာပါတော့တယ် …..”
ဒီစာအုပ်ကလေးဟာ ဆယ်ကျော်သက်အရွယ်က မန္တလေးမှာ ကျောင်းတက်ခဲ့ရတဲ့
ကျမရဲ့ဖြစ်ရပ်မှန် အကြောင်းအရာတစ်ခုပါ။
ကိုယ့်သားသမီးကို ကောင်းစေချင်လို့ ဖြစ်ဖြစ် သူစိမ်းတွေဆီကို ပို့တဲ့အခါ ဒီကလေးတစ်ယောက်ဟာ
* နေရာအသစ်မှာ အမှန်တကယ် အဆင်ပြေပါရဲ့လား။
* ပတ်ဝန်းကျင်တစ်ခုမှာ ကောင်းမွန်စွာ ရှင်သန်ခွင့် ရပါရဲ့လား။
* သူ့ဘက်ကမ္ဘာမှာ ဘာတွေ ဖြစ်ပျက်နေသလဲဆိုတာကို မိဘတိုင်းကို သိစေချင်ပါတယ်။
လူအမျိုးမျိုး ရှိတဲ့အတွက် အဖြစ်အပျက်တွေကလည်း အမျိုးမျိုးပါ။
ဒီစာအုပ်ဟာ ၂၀၀၅ ခုနှစ် ဝန်းကျင်က အကြောင်းအရာတွေကို အခြေခံထားပြီး အဲ့ဒီခေတ်ကဆယ်ကျော်သက်တွေရဲ့ ခေတ်အခြေအနေ၊ နေထိုင်မှု ပုံစံ၊ ကျောင်းသားသဘာဝ ပျော်စရာအချို့၊အချစ်ဟု ထင်မှတ်ရသော ရင်ခုန်မှုတွေ၊ ဆရာ ဆရာမတွေနဲ့ ကျောင်းသားများကြား ဆက်ဆံရေး၊သိပ်သည်းဆမြင့်တဲ့ နာကျင်မှုတွေ၊ ဆင်းရဲ ချမ်းသာ ခွဲခြားမှုတွေကို ရင်ထဲမှာ ဘာမှမကျန်အောင်ရှင်းလင်းရေးထုတ်ထားတဲ့ စာအုပ်ဖြစ်တဲ့အတွက် ကျမရဲ့ အရိုးသားဆုံးသော စာအုပ်တွေထဲကတစ်အုပ်ပါပဲ။”
ဟု စာရေးသူက ဆိုထားပါတယ်။

စာမျက်နှာ

140

စာအုပ်အရွယ်အစား

5.5 × 0.4 × 8.3 inches

ပုံနှိပ်မှတ်တမ်း

Quality၊ 2020 ဒီဇင်ဘာလ (ပ-ကြိမ်)

6 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“တက္ကသိုလ်ဝင်ခွင့်ရက်စွဲများ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ရွှန်းမီမီထက် စာအုပ်များ