ဆရာမော်ရီ၏ဘဝသင်ခန်းစာများ

( 0 မှတ်ချက်)

12000 (ကျပ်)

ကမ္ဘာအနှံ့က နှလုံးသားတွေကိုဖမ်းစားနိုင်ခဲ့တဲ့ ထူးထူးခြားခြား ဇာတ်လမ်းတစ်ပုဒ် …။

Tuesdays with Morrie စာအုပ်ဟာ စိတ်ကူးယဉ် ဝတ္ထုတစ်ပုဒ် မဟုတ်ဘဲ၊ ဖြစ်ရပ်မှန် ဘဝဇာတ်ကြောင်း တစ်ခု ဖြစ်ပါတယ်။

နာမကျန်း ဖြစ်နေတဲ့ တက္ကသိုလ် ပါမောက္ခတစ်ဦးဆီကို သူ့ တပည့်ရင်းတစ်ယောက် လာလည်ရာက ဒီစာအုပ်ရဲ့ ဇာတ်ကြောင်း အစပြု ဖြစ်ပေါ်လာပါတယ်။

သူတို့ ဆရာတပည့် နှစ်ဦး အပတ်စဉ် အင်္ဂါနေ့တိုင်း ဆုံတွေ့ကြရင်း၊ ပါမောက္ခကြီးရဲ့ ဘဝတစ်သက်တာ အတွေးအမြင်တွေ, ဒဿနတွေကို သူ့တပည့်ကျော်က မှတ်သားခွင့် ရခဲ့ပါတယ်။

ဒီဖြစ်စဉ်ဟာ ပါမောက္ခကြီးရဲ့ တပည့်ကျော်အပေါ် အကျိုးသက်ရောက်မှု ကြီးမားခဲ့ပြီး၊ သူ့ဘဝကို အပြောင်းလဲကြီး ပြောင်းလဲပေးလိုက်ပါတယ်။

သူဟာ နာမည်ကျော် အားကစား သတင်းထောက် ဘဝ,ကနေ တဆင့် တက်လှမ်းပြီး ကမ္ဘာကျော် စာရေးဆရာ ဘဝကိုပါ ရောက်ရှိသွားခဲ့ပါတယ်။

၁၉၉၇ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ဒီစာအုပ်ဟာ နယူးရော့ခ်တိုင်းမ်စ် မဂ္ဂဇင်း (New York Times) ရဲ့ ၂၀၀၀ ခုနှစ် အရောင်းရဆုံး စာအုပ်စာရင်းမှာ နံပတ် (၁) ချိတ်ခဲ့ပါတယ်။ ယနေ့အချိန်ထိ အုပ်ရေ သန်း ၂၀ ကျော် ရောင်းချခဲ့ရပြီး ကိုယ်ရေးမှတ်တမ်း စာပေ (Memoirs) အမျိုးအစားထဲမှာ အရောင်းရဆုံး စာအုပ် အဖြစ်လည်း ရပ်တည်နေပါတယ်။ ဒီစာအုပ်ကို ကမ္ဘာအနှံ့ ဘာသာစကား ၄၈ မျိုးအထိ ဘာသာပြန်ဆိုခဲ့ကြပြီး ဖြစ်ပါတယ်။

စာမျက်နှာ

335

စာအုပ်အရွယ်အစား

5.3× 0.6×8.3 inches

ပုံနှိပ်မှတ်တမ်း

The Book Town၊ 2023 (ပထမအကြိမ်)

8 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဆရာမော်ရီ၏ဘဝသင်ခန်းစာများ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

အောင်သူရကျော် စာအုပ်များ