တော့တိုး-ချန် (ပြတင်းပေါက်က မိန်းကလေးငယ်)

( 0 မှတ်ချက်)

7000 (ကျပ်)

ဂျပန်မင်းသမီး တစ်ဖြစ်လဲ Unicef ၏ သံတမန်ဖြစ်ခဲ့သူ တက်ဆုကို ကုရိုယာနာဂီ၏ ဒုတိယကမ္ဘာ့စစ်အတွင်း ကိုယ်တွေ့မှတ်တမ်းကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ မူရင်း ဂျပန်စာအုပ်ကို ၁၉၈၁ ခုနစ်တွင် စတင်ပုံနှိပ်ခဲ့ပြီး ထွက်ထွက်ချင်းပင် ရောင်းအားအကောင်းဆုံး စာရင်းဝင်ခဲ့သည်။

ကမ္ဘာ့စစ်ကာလအတွင်း အတည်မငြိမ် အခြေအနေ အခက်အခဲများကြား မင်းသမီး ကုရိုယာဂါနီ တက်ရောက်သင်ကြားခဲ့ရသော တိုကျိုမှုလတန်းကျောင်း တစ်ခုမှ သမားရိုးကျ မဟုတ်သည့် ပညာရေးစနစ်၏ တန်ဖိုးများကို ကိုယ်တွေ့မှတ်တမ်းအဖြစ် ဖော်ညွှန်း ပြုစုထားသည့်အတွက် ကလေးများအတွက်ရော စာဖတ်သူတိုင်းအတွက်ပါ ခံစားချက်တစ်မျိုးစီ ပေးစွမ်းနိုင်သည့် ထူးခြားသော စာအုပ်တစ်အုပ်ဖြစ်သည်။

ကလေးများကို ပုံစံခွက်တစ်ခုထဲ ရိုက်သွင်းသည့် ပညာရေးထက် ကလေးတစ်ဦးချင်းစီ၏ ဝါသနာနှင့် လွတ်လပ်ခွင့်ကို ဦးစားပေးသည့် သင်ကြားရေးစနစ်ကို မီးမောင်းထိုးပြထားသည်။ ကလေးများ၏ အမှားများကို အပြစ်တင်မည့်အစား ၎င်းတို့၏ စူးစမ်းလိုစိတ်ကို မြှင့်တင်ပေးရန် လိုအပ်ကြောင်း ပြသနေသည်။ ကျောင်းအုပ်ဆရာကြီးရဲ့ “မင်းဟာ တကယ်ကို လိမ္မာတဲ့ မိန်းကလေးတစ်ယောက်ပါ” ဆိုသည့် စကားတစ်ခွန်းက တော့တိုး-ချန် ၏ ဘဝကို လမ်းမှန်ရောက်စေခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံ၏ နောက်ခံအခင်းအကျင်းကို ပြသထားပြီး၊ နောက်ဆုံးတွင် ကျောင်းလေးသည် စစ်ဒဏ်ကြောင့် မီးလောင်ပျက်စီးသွားခဲ့ရသော်လည်း ဆရာကြီးနှင့် ကျောင်းသားများ၏ စိတ်ဓာတ်ကိုမူ မဖျက်ဆီးနိုင်ခဲ့ပေ။

“တော့တိုး-ချန်” သည် ကလေးငယ်များအတွက်သာမက မိဘများ၊ ဆရာ/ဆရာမများနှင့် ပညာရေးလောကမှ လူတိုင်း မဖြစ်မနေ ဖတ်ရှုသင့်သည့် စာအုပ်ဖြစ်သည်။ ကလေးတစ်ယောက်ကို လူလားမြောက်အောင် ပျိုးထောင်ရာတွင် မေတ္တာ၊ ဂရုစိုက်မှုနှင့် နားလည်ပေးမှုတို့က မည်မျှအရေးကြီးကြောင်းကို ရိုးရှင်းပြီး ရင်နင့်စရာ ဇာတ်လမ်းလေးများဖြင့် ဖော်ပြထားပါသည်။

စာမျက်နှာ

320 (Woodfree Paper)

စာအုပ်အရွယ်အစား

5.1 x 0.6 x 7.5 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2023 ဒီဇင်ဘာလ (ဒုတိယအကြိမ်)

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“တော့တိုး-ချန် (ပြတင်းပေါက်က မိန်းကလေးငယ်)” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

မြသိန်း (မြန်မာပြန်) စာအုပ်များ