ထိုင်းအသံသင်္ကေတစာလုံးပေါင်း ဖတ်နည်း ရေးနည်း
22000 (ကျပ်)
ယခုခေတ်အခါတွင် ဘာသာစကားမတူသော လူမျိုးတစ်မျိုးနှင့်တစ်မျိုးတို့၏ကြီးပွားရေး၊စီးပွားရေး၊နိုင်ငံရေး၊ပညာရေး၊လှုမှုရေး၊ယဉ်ကျေးမှုများကို အတုန့်အပြန်အသိဉာဏ်ဖလှယ်ရာတွင် ဘာသာစကားသည် အဓိက ဆက်သွယ်ရေးပင်ဖြစ်ပါသည်။ ထို့ကြောင့် တက်ကျွမ်းနားလည်ပြီးသူ့တို့ထက် လုံး၀မသင်ဘူးသေးသော အစသမားများ၊ဘာသာစကားတွင်ဝါသနာထား လေ့လာလိုက်စားသင်ကြားသူများ၊ ထိုင်းနိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်သူများ၊စနစ်တကျလေ့လာလိုသူများအတွက် အချိန်တိုတိုအတွင်းတွင် အမှန်တကယ်ကျွမ်းကျင်စွာ ထိုင်းဘာသာစကားကိုရေးဖတ်ပြောဆို ဆက်ဆံနိုင်စေရန် ရည်ညွှန်း၍ How to Read & Write Thai Phonetic Spelling (2nd Times New Edition) ထိုင်းအသံသင်္ကေတစာလုံးပေါင်းဖတ်နည်းရေးနည်းများကို လေ့လာတက်အောင် အဓိကစာလုံးအဆင့်ဆင့်ရေးနည်းနှင့်အသံထွက်နည်းကိုပဲ လေ့ကျင့်ခန်း တစ်ခုစီတိုင်းတွင်ထိုင်းစာလုံး၊ ထိုင်းစကားလုံးတွေအများများလေ့လာလို့ရအောင်ပြည့်ပြည့်စုံစုံထည့်ပေးထားပါသည်။
ဤစာအုပ်၏အဓိကရည်ရွယ်ချက်မှာ ထိုင်းစကားပြောလေ့ကျင့်နည်းမဟုတ်၊ထိုင်းစာရေးနည်းဖတ်နည်း၊ထိုင်းစကားလုံးဖွဲ့စည်းမှုနှင့် အသံနေ အသံထား အဆင့်ဆင့် ထွက်ပုံထွက်နည်းကို ဖော်ပြခြင်းဖြစ်သော်လည်း ထိုင်းနိုင်ငံမှထုတ်ဝေသော ရုပ်ပြ CD ROM ၊ထိုင်းစကားပြော (CD , VCD with Phonetic Spelling) တွဲပါသည့်စာအုပ်များကိုရှာဖွေ၍ How to Read & Write Thai Phonetic Spelling (2nd Times New Edition) ထိုင်းအသံသင်္ကေတ စာလုံးပေါင်းဖတ်နည်းရေးနည်း စာအုပ်အကူညီဖြင့်နေ့စဉ်နားထောင်ခြင်း၊How to Read & Write Thai Phonetic Spelling (2nd Times New Edition) နှုတ်ဆိုလေ့ကျင့်မှု (Oral-Practice Thai) လုပ်နိုင်သလို အဓိကအနေဖြင့် လေ့လာသူကိုယ်တိုင် YouTube တွင်လည်း Thai Language 4 Skills သင်ခန်းစာများကို ဝင်ရောက်လေ့လာပါက ထိုင်းဘာသာကို အသံထွက်ကိုအမှန်ကို ကြားနိုင်မည်ဖြစ်၍ အချိန်တိုတိုအတွင်းတွင်မှာ အသံထွက်လွယ်၊အသံထွက်မှန်၊တိကျစွာ၊ သွက်လက်စွာရေးနိုင်ဖတ်နိုင်ပြောဆိုနိုင်အောင်ရေးသားထားပါတယ်…။
စာများများဖတ်တက်မှ စကားများများပြောနိုင်တယ်၊ စကားပြောချင်ရင် စာများများဖတ်ပါ ဒီစာအုပ်ကိုတစ်လပဲ အချိန်ပြည့်ပေးကြည့်ပြီးလေ့လာကြည့်ပါ။
| စာမျက်နှာ | 250 |
|---|---|
| စာအုပ်အရွယ်အစား | 6.5 x 0.5 × 8.2 inches |
| ပုံနှိပ်မှတ်တမ်း | 2019 ဩဂုတ် (ပ-ကြိမ်) |
Out of stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ