အောင်မြင်ခြင်း သီအိုရီ
4500 (ကျပ်)
ကြီးပွားအောင်မြင်မှုဆိုတာ ဘယ်တော့မှ အလွယ်တကူရတာမျိုး မဟုတ်ပါဘူး။ များပြားလှတဲ့ အခက်အခဲအကျပ်အတည်းတွေကို ရင်ဆိုင်ကျော်ဖြတ်ပြီးမှ ရတာမျိုးပါ။
အခက်အခဲကိုတွေ့ရင် ပြန်ကွေ့ချင်တဲ့သူ “ငါ လုပ်မိတာမှားတာပဲ” ဆိုတဲ့ မခိုင်မာတဲ့စိတ်နဲ့ ငေးငိုင်တွေဝေပြီး စိတ်ဓာတ်ကျလွယ်တဲ့သူတွေဟာ ဘယ်တော့မှကြီးပွားအောင်မြင်နိုင်မဲ့သူတွေထဲမှာ မပါပါဘူး။
အချို့ပုဂ္ဂိုလ်တွေဆို အောင်မြင်ကြီးပွားရေးအတွက် အခက်အခဲ ကြီးကြီးမားမားတွေနဲ့ ရင်ဆိုင်နေရဆဲမှာပဲ အိမ်ထောင်ရေး၊ သားရေး၊ သမီးရေး၊ ဆွေမျိုးအသိုင်းအဝိုင်းနဲ့ လူမှုရေးအစရှိတဲ့ လောကဓံ အထုအထောင်းဒဏ်တွေကိုလည်း ပြင်းပြင်းထန်ထန် ညှပ်ပူးညှပ်ပိတ်ခံစားနေရတဲ့သူတွေရှိပါတယ်။
ထိုင်ရမလား၊ ထရမလား လက်ရှိနေရာကနေ တစ်နေရာကိုများ ထွက်ပြေးသွားရင်ပဲ လွတ်မြောက်သွားမလား၊ ဘာလုပ်ရမှန်းတောင် မသိအောင်ပဲ စိတ်ချောက်ချောက်ချားချားနဲ့ အလူးအလိမ့် ခံစားခဲ့ရတဲ့သူတွေရှိပါတယ်။
အလုပ်လုပ်နေတဲ့ လူတွေအဖို့မှာ ပြဿနာအခက်အခဲဆိုတာ အနည်းနဲ့အများတော့ရှိကြမှာပဲ။ အလုပ်မလုပ်ပဲ ထိုင်နေရင်တော့ ဘာပြဿနာမှလည်း ဖြစ်မလာသလို၊ ဘဝဟယလဲ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။
ယခုစာအုပ်တွင် အခက်အခဲအကျပ်အတည်းကြားမှာ နစ်မြှုပ်မသွားပဲ ဘယ်နှစ်ကြိမ်လဲကျကျ အကြိမ်ကြိမ်ပြန်ထ ဘဝဆိုတာ ကိုယ်အရှုံးပေးမှ ရှုံးတယ်ဆိုတဲ့ စိတ်ခွန်အားဖြည့် အတွေးအမြင်များကို ရေးသားဖော်ပြထားပါတယ်။
စာမျက်နှာ | 94 |
---|---|
စာအုပ်အရွယ်အစား | 5.3 × 0.2 × 8.2 inches |
ပုံနှိပ်မှတ်တမ်း | လောကသစ္စာစာပေ 2023 နိုဝင်ဘာလ |
5 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ