အရိုင်းစက်ရုပ်

( 0 မှတ်ချက်)

14500 (ကျပ်)

အရိုင်းစက်ရုပ်လေးနဲ့ တောရိုင်းတိရစ္ဆာန်လေးတို့ရဲ့ ကြည်နူးဖွယ်ကောင်းတဲ့ စိတ်ကူးယဉ် ဇာတ်လမ်းလေးတစ်ပုဒ် ..

ရောဇ့် လို့အမည်ရတဲ့ စက်ရုပ်လေးတစ်ရုပ်ဟာ သူ့ကို သယ်ဆောင်လာတဲ့ သင်္ဘောကြီးက မုန်တိုင်းဒဏ်ခံလိုက်ရပြီး သမုဒ္ဒရာအောက် နစ်မြုပ်သွားတဲ့အခါ သူကတော့ ရေစီးနောက် မျောပါလာပြီး လူသူကင်းမဲ့တဲ့ ကျွန်းတစ်ကျွန်းပေါ် ရောက်လာခဲ့ပါတယ် ..

စပ်စုတတ်တဲ့ ပင်လယ်ဖျံတစ်အုပ်ထဲက တစ်ကောင်က စက်ရုပ်ရဲ့ Power ခလုတ်ကို မတော်တဆ နှိပ်မိလိုက်တဲ့အခါမှာတော့ အရိုင်းစက်ရုပ်လေး ရောဇ့် ရဲ့ကွန်ပျူတာစနစ် အသက်ဝင်လာပါတော့တယ် ..

မြင့်မားတဲ့ နည်းပညာစနစ်နဲ့ တီထွင်ထားခံရတဲ့ အရိုင်းစက်ရုပ်လေး ရောဇ့်ရဲ့ မူရင်း တာဝန်က လူတွေ ပေးအပ်တဲ့ တာဝန်ကို ပြီးမြောက်အောင် ဝန်ဆောင်မှုပေးဖို့ပါပဲ ..

သူ အခု‌ရောက်နေတဲ့ လူသူကင်းမဲ့တဲ့ ကျွန်းပေါ်မှာက အရိုင်းဆန်တဲ့ တိရစ္ဆာန်လေးတွေပဲ ရှိနေတာလေ .. တိရစ္ဆာန်လေးတွေက သူ့ရဲ့ ဝန်ဆောင်မှုတွေကို လိုအပ်မယ် ထင်နေတာလား ..

သို့သော် .. စက်ရုပ်ကလေး ရောဇ့်ဟာ အရိုင်းတိရစ္ဆာန်လေးတွေရဲ့ ဘာသာစကားနဲ့ အပြုအမှုတွေကို လေ့လာသင်ကြားပြီးတဲ့နောက်မှာတော့ သူ့ကို ရေးဆွဲထားတဲ့ Program တွေကို ကျော်လွှားပြီး လုပ်ဆောင်လာပါတော့တယ် ..

စာအုပ်လေးထဲမှာ အရိုင်းစက်ရုပ်ကလေး ရောဇ့် နဲ့ ငန်းလေး ရွှေနှုတ်သီးတို့ရဲ့ စက်ရုပ်နဲ့ တိရစ္ဆာန်ကြားက ၅၂၈ မေတ္တာ ဇာတ်လမ်းလေးကို အဓိက မြင်တွေ့နိုင်ပြီး အရိုင်းစက်ရုပ်လေး‌ ရောဇ့်ရဲ့ ဘေးအန္တရာယ်တွေကနေ လွတ်မြောက်အောင် ကြိုးစားရပုံတွေကို ဖတ်ရှုရမှာပဲ ဖြစ်ပါတယ် ..

စာမျက်နှာ

248(Woodfree Paper)

စာအုပ်အရွယ်အစား

5.6× 0.4 ×8.2 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2025ခုနှစ် ၊ ဇူလိုင်လ ၊ (ပထမအကြိမ်)

15 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အရိုင်းစက်ရုပ်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

အာကာဦး စာအုပ်များ