အစာအိမ်၊အူလမ်းကြောင်းပြဿနာဆွေးနွေးအဖြေရှာ

( 0 မှတ်ချက်)

22000 (ကျပ်)

▸ ဒေါက်တာရဲပြည့်ဟိန်းမှာ အထွေထွေရောဂါကု နဲ့
အာဟာရအထူးပြုဆရာဝန် တစ်ယောက်ဖြစ်ပြီး
သူ့ရဲ့ ပြည်တွင်း/ပြည်ပ အတွေ့အကြုံတွေကို
နောက်ဆုံးပေါ်သုတေသနတွေ့ရှိချက်များနဲ့
ပေါင်းစပ်ကာ ရေးသားဖော်ပြထားပါတယ်။

▸ ဆေးပညာဗဟုသုတစာပေ ဖြစ်ပေမယ့် ပျင်းရိ မသွားစေဘဲ
စကားပြောဟန်နဲ့ စိတ်ဝင်စားဖွယ် ရေးသားထားပါတယ်။
အချို့နေရာတွေမှာ ပိုမို နားလည်စေဖို့ သရုပ်ဖော်ပုံများလည်း
ထည့်သွင်းပေးထားပါတယ်။

▫️ အစာအိမ်/အူလမ်းကြောင်း ရောဂါတွေ အဖြစ်များလာတဲ့ ယနေ့ခေတ်မှာ ရောဂါတစ်ခုချင်းစီရဲ့ သဘာဝတွေ၊ ရောဂါရှာဖွေနည်းတွေ၊ ဆေးဝါးကုသမှုတွေ၊ အာဟာရကုထုံးတွေ၊ ဖြည့်စွက်စာနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ၊ Lifestyle (ဘဝနေထိုင်မှုပုံစံ) နဲ့ ပတ်သက်ကြီး အကြံပြုချက်တွေ စသဖြင့် စ/လယ်/ဆုံး ပြည့်စုံစွာ ဖတ်ရှုကြရမှာ ဖြစ်ပါတယ်။

▫️ စာအုပ်ထဲတွင် အစာအိမ်/အူလမ်းကြောင်း နဲ့ ခန္ဓာကိုယ်တစ်ခုလုံး ဆက်စပ်ပုံများကို ရေးသားဖော်ပြထားခြင်းဖြစ်ပါတယ်။ ဥပမာ အစာအိမ်/အူလမ်းကြောင်း နဲ့ အရေပြား ဆက်စပ်မှု၊ အစာအိမ်/အူလမ်းကြောင်း နဲ့ အော်တိုအင်မြူန်းရောဂါများ ဆက်စပ်မှု၊ အစာအိမ်/အူလမ်းကြောင်း နဲ့ ကင်ဆာရောဂါ ဆက်စပ်မှု စသဖြင့် ရေးဖွဲ့ထားပါတယ်။

▫️ အစာအိမ်/အူလမ်းကြောင်း ကျန်းမာရေးဆိုတာ လူတိုင်း/ မိသားစုတိုင်း အတွက် အရေးကြီးတာမို့ စာကောင်းပေမွန်တစ်ခုဖြစ်ပြီး စာရေးသူက အထွေထွေရောဂါကု နဲ့ အာဟာရအထူးပြုဆရာဝန် တစ်ယောက်ဖြစ်သည့်အတွက် သူ့ရဲ့ ပြည်တွင်း/ပြည်ပ အတွေ့အကြုံတွေကို နောက်ဆုံးပေါ် သုတေသန တွေ့ရှိချက်များနဲ့ ပေါင်းစပ်ကာ ရေးသားဖော်ပြထားပါတယ်။ ဆေးပညာဗဟုသုတစာပေ ဖြစ်ပေမယ့် စကားပြောဟန်နဲ့ စိတ်ဝင်စားဖွယ် ရေးသားထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

စာမျက်နှာ

316 (WoodFree Paper)

စာအုပ်အရွယ်အစား

5.7x 0.9 x 8.5 inches

ပုံနှိပ်မှတ်တမ်း

ဒေါက်တာရဲပြည့်ဟိန်းစာပေ၊ 2025 ဩဂုတ်လ (ဒုတိယအကြိမ်)

5 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အစာအိမ်၊အူလမ်းကြောင်းပြဿနာဆွေးနွေးအဖြေရှာ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဒေါက်တာရဲပြည့်ဟိန်း စာအုပ်များ