
ရင်ခုန်ဦး နှင့် မဂ္ဂဇင်း ဝတ္ထုတိုများ
7000 (ကျပ်)
အိမ်မှုကိစ္စအားလုံးဟာ မိန်းမများအတွက်သာ လုပ်ရမယ်လို့ ဘယ်ကမ္ဘာ ဦးကများ သတ်မှတ်ပေးထားလိုက်သလဲ။ ယောကျာ်းတွေဟာ အိမ်မှုကိစ္စနဲ့ လားလားမှမဆိုင်ဘူးလို့များ ရှေးပဝေသဏီက လူကြီးသူမများ ရှေးရိုးစွဲဝါဒီများကို ချန်ထားခဲ့ရသလဲ။ စိတ်ထဲ အတော်ပင် နာလာတာမို့ ချေးအထပ်ထပ်နဲ့ ရှိနေတဲ့ အင်္ကျီ ကော်လံစကို ကိုကျော်စွာ့မျက်နှာအမှတ်နဲ့ ဘရပ်ရှ်နဲ့ ခပ်နာနာပွတ်နေမိတော့တယ်။
ချစ်သူရည်းစားဘဝကတော့ အဦးဆုံးချစ်ရသူ၊ အဦးဆုံး ရင်ခုန်ရသူမို့ သူ့ မျက်နှာကို မြင်ရရင်ပဲ အလိုလို ပျော်ရွှင် နေတော့တာ။ ဟင်း … အခုများတော့ ဒေါပွ စရာတွေ တွေးတိုင်း စိတ်ထဲ တနုံ့နုံ့မို့ အခုတစ်လောတော့ ဒင်းမျက်နှာကို မြင်ရတိုင်း စိတ်က အလိုလိုကို တိုနေပြီး ကုတ်ချင်၊ ဖဲ့ချင်စိတ်ကို ဖြစ်နေတော့တာ။
===
စာရေးဆရာမမှ ကောက်နှုတ်ဖော်ပြချက်
ယခုစာအုပ်တွင် ဇာတ်ကောင်ကိုကျော်စွာဟာ စာရေးဆရာမအဖေရဲ့ ကာရိုက်တာ တစ်စိတ်တစ်ပိုင်းဖြစ်သလို ငြိမ်းငြိမ်းခင်ဟာလည်း စာရေးဆရာမ အမေ ကာရိုက်တာ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ရယ်စရာတွေပဲမရှိတဲ့ လောကမှာ မောစရာတွေနဲ့ ကြုံကြိုက်ရတဲ့အခါလည်း တစ်ဦးနဲ့တစ်ဦး ပြစ်တင် ငြူစူခြင်းထက် နားလည်ဖေးမမှုများနဲ့ တည်ဆောက်ထားတဲ့ ဇာတ်ကောင်နှစ်ဦးကြောင့် ရင်ခုန်ဦးဟာ စိတ်ဝင်စားဖွယ်ဖတ်ရှုရမဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
| စာမျက်နှာ | 159(Creamy Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.3x 0.3 x 8 inches |
| ပုံနှိပ်မှတ်တမ်း | လမ်းပြကြယ်စာအုပ်တိုက်၊ 2023 ဇန်နဝါရီလ(ပထမအကြိမ်) |
10 in stock


ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ