သို့.. အယ်ဒီနှင့်သံလုံး မှ.. ဘုရားသခင်

( 0 မှတ်ချက်)

3500 (ကျပ်)

သူက စာရေးကျဲပေမယ့် တစ်ပုဒ်ဆို ဆိုသလောက် ထိအောင် ရေးနိုင်သူ ဆိုတာကိုတော့ ကျွန်တော် မပြောလည်း သူ့ဝတ္ထုတိုတွေက သက်သေပြပါလိမ့်မယ်။ သူ့ဝတ္ထု၊ သူ့ဇာတ်ကောင်တွေဆီကနေ စာဖတ်သူဆီ အတွေးတစ်စုံတစ်ရာ ပို့လွှတ်ထားတဲ့ သူ့ရဲ့ ဝတ္ထုတို ရေးဟန်ကိုလည်း စာဖတ်သူတွေ သိရှိခံစားမိပါလိမ့်မယ်။ ဇာတ်ကောင်စရိုက်တွေကို မပြောဘဲ ပြသွားတဲ့ ဝတ္ထုတို အတတ်ပညာကိုလည်း သူ့ဝတ္ထုတွေ တစ်သီတစ်တန်းကြီး ပြန်ဖတ်ရင်း သတိထားမိပါတယ်။

မင်းဝေဟင်

သူ့ဝတ္ထုများက အမယ်စုံသည်။ အများစုက သရုပ်မှန်ဝတ္ထုများ ဖြစ်သည်။ သရော်ဟန်ဝတ္ထုတချို့ကို လည်း တွေ့ရ၏။ ကလေးဇာတ်ကောင်များပါဝင်သည့် ဝတ္ထုများလည်း ပါသည်။
ဝတ္ထုတိုအားလုံးကို ဖတ်ပြီးသည့်အခါ ကျွန်တော်ခံစားမိတာ တစ်ခုရှိသည်။ အဲဒါက ဝတ္ထုများအပေါ် ထားရှိသည့် သူ၏ ရိုးသားမှု ဖြစ်သည်။ ဝတ္ထုအပေါ် ရိုးသားသည်။ ဇာတ်ကောင်များအပေါ် ရိုးသားသည်။ သူမြင်သည့်အတိုင်း ၊ သူတွေးသည့်အတိုင်း ရေးသည်။ ဝတ္ထုအားလုံးတွင် စာရေးသူက ပလီပလာ ထွေလီကာလီ ဝင်ပြောမထားသည်က နှစ်သက်ဖွယ်ကောင်းသည်။
ကလေးဇာတ်ကောင်များပါဝင်သည့် ဝတ္ထုတိုများတွင် ကလေးများနှင့် လိုက်ဖက်သော စကားပြောများ ၊ ကလေးများ၏ အမူအရာနှင့် လိုက်ဖက်သော ဝါကျများကို အံဝင် ခွင်ကျ ဂရုပြုရွေးချယ်ရေးဖွဲ့ထား သည်မှာ နှစ်လိုဖွယ်ကောင်းသည်။
သူ့ဝတ္ထုတိုတွေကို ဖတ်ပြီး သူ့ကို ဝတ္ထုရေးသားခြင်းအလုပ်နှင့် ပတ်သက်ပြီး ကောင်းစွာ အားထုတ်ခဲ့သူတစ်ဦးအဖြစ် အောက်မေ့မိသည်။ ဝတ္ထုတိုနှင့်ပတ်သက်လျှင် လက်စလက်နရှိသူတစ်ဦးမို့ သူ့ကို ဝတ္ထုရေးသားခြင်းအပေါ် စိတ်ပြန်လည်လာစေလိုသော စိတ်ဆန္ဒလည်း ဖြစ်မိသည်။
သူ့ဝတ္ထုတိုများထဲတွင် ကျွန်တော် အကြွေရဆုံး ဝတ္ထုနှစ်ပုဒ် ရှိသည်။ ကိုဘသာနှင့် ရောင်စုံမီးခိုးစများ နှင့် တို့အမျိုးဇာနည် ပီပါပေသည် တို့ ဖြစ်၏။ ဘာကြောင့် ကြွေရသည်ကို ကျွန်တော် မပြောလို။ ဖတ်ကြည့်လျှင် သိကြပါလိမ့်မည်။ သို့ အယ်ဒီနှင့် သံလုံး မှ ဘုရားသခင် နှင့် တစ်ကိုယ်ရေ ဘယာနက ပုစ္ဆာများ ဝတ္ထုများကတော့ ဖတ်ပြီးမှ တွေးရသော ဝတ္ထုများဟု ဆိုချင်သည်။

ရဲရင့်လုံ(ဆေး-မန်း)

ဆရာမှူးဆက်ပိုင်(ရွှေတောင်)ရဲ့ ဒီစာအုပ်လေးအပေါ် အသီးသီး မှတ်ချက်ပြုထားပါတယ်။
ဒီစာအုပ်လေးမှာ ဝတ္ထုတို ၁၆ပုဒ်ပါဝင်ပြီး အတွင်းကာလာစုံ သရုပ်ဖော်ပုံများနဲ့ ဝေဝေဆာဆာ ထုတ်ဝေထားတာ ဖြစ်ပါတယ်။

စာမျက်နှာ

205

စာအုပ်အရွယ်အစား

5.5 x 0.4 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ဇလပ်နီစာပေ၊ 2020 မတ်လ၊ (ပ-ကြိမ်)

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“သို့.. အယ်ဒီနှင့်သံလုံး မှ.. ဘုရားသခင်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

မှူးဆက်ပိုင်(ရွှေတောင်) စာအုပ်များ