ဆရာမ
6000 (ကျပ်)
ကလေးငယ် မောင်နှမသုံးယောက်ကို ပြုစုစောင့်ရှောက်ရင်း စာသင်ကြားပေးရသူ ဆရာမလေး ညွှန့်မေ၏ နာကျင်ဖွယ်ကောင်းသော ဘဝဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ ပြဿနာတစ်ခုကြား ကျရောက်ရင်း အဆိုပါ ဆရာမလေး၏ ဘဝအတွက် အမည်းစက်တစ်ခုပမာ လိုက်ပါလာပြီး သိမ်ငယ်စွာဖြတ်သန်းခဲ့ရရာ ဘဝမှ ထွက်ပြေးချင်လောက်အောင် ဖြစ်ရသည်။ အခက်အခဲ အနှောင့်အယှက်များ၊ ပတ်ဝန်းကျင်ရဲ့ ရှုတ်ချမှုများကြား နာကျင်ခဲ့ရသည်။ ငွေရှင် ကြေးရှင် အသိုင်းအဝိုင်း၏ ဖိအားကြောင့် ဆရာမလေး၏ အနာဂတ် ပျောက်ကွယ်တော့မလို ဖြစ်ခဲ့ရသော်လည်း အဆိုပါ အမှောင်တိုက်ကြားမှ ရိုးသားဖြူစင်မှု၏ သက်သေပမာ ဘဝအလင်းပြန်ရောက်ခဲ့ရပုံကို ဇာတ်အိမ်အလှည့်အပြောင်းများဖြင့် စာရေးဆရာမကြီး ဒဂုန်ခင်ခင်လေးက ရေးဖွဲ့ပြထားပါသည်။
| စာမျက်နှာ | 125 |
|---|---|
| စာအုပ်အရွယ်အစား | 5.1 x 0.2 x 7.3 inches |
| ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2021 ဒီဇင်ဘာလ ၊ |
| စျေးနှုန်းအပြောင်းအလဲ | 28.3.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 6000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
3 in stock





နိုင်း တံ ခွန် –
စာအုပ်ကပါးပါးလေးပေမယ့် ရုပ်ရှင်ရိုက်မယ်ဆိုရင်တောင် ထိုက်တန်တဲ့ ဇာတ်အိမ်အကြီးကြီးနဲ့ တကယ်ကိုလှလှပပရေးဖွဲ့ခဲ့တဲ့ ဆို့နင့်ဖွယ် ကြည်နူးဖွယ် စာအုပ်တစ်အုပ်ပါ ။ ကံဆိုးလာပြီဆိုလျှင် ကံကြမ္မာအဆိုးတွေက ကြံဖန်ကာရောက်လာတတ်ပြီး ဒီကံကြမ္မာဆိုးတွေကို စိတ်စေတနာကောင်းနဲ့ ပြောင်းလဲနိုင်တယ်ဆိုတာ ကောင်းကောင်းသိခဲ့ရတဲ့စာအုပ်လေး