
တရားခံဝိညာဉ်
2500 (ကျပ်)
ဖြစ်ရပ်မှန်မှုခင်းတွေ၊ ဖြစ်ရပ်မှန် ပရလောက၊ စိတ်ဝိညာဉ်ဇာတ်လမ်းတွေကို အမှန်တရားအခြေခံပြီး ရသမြောက်ရေးဖွဲ့တင်ပြပြီး စာချစ်သူတို့ စောင့်မျှော်ဖတ်ရှုရသည့် စာရေးဆရာဆရာလင်းမြတ်တေဇ၏ ဆဋ္ဌမမြောက် အသစ်ထွက်ရှိမည့်စာအုပ်ဖြစ်ပါတယ်။
စာအုပ်အမည်က .. တရားခံဝိညာဉ်။ ပရလောကဖြစ်ရပ်မှန်ဇာတ်လမ်း (၇)ခုပါဝင်ပြီး တစ်ခုချင်းစီကို ကျောတစိမ့်စိမ့်ကြောက်လန့်ရင်ဖိုစွာ ဖတ်ရှုရမည့် ဇာတ်လမ်းများဖြစ်ပါတယ်။
သရဲတစ္ဆေကိုတရားစွဲမယ်ဆိုတဲ့… ၁၉၈၅ ခုနှစ် ပဲခူးရိုးမမှာ ဖြစ်ပျက်ခဲ့တဲ့ ကွန်မြူနစ်မိသားစုတစ်စုရဲ့ ကြေကွဲဖွယ်ရာဖြစ်ရပ်။
တရားခံဝိညာဉ်ဆိုတဲ့ ၁၉၄၀ အင်္ဂလိပ်ကိုလိုနီလက်အောက်မှာ ဖြစ်ပွားခဲ့တဲ့ မှတ်တမ်းဥပဒေတင်ထားရတဲ့ ကျောချမ်းဖွယ် ဝိညာဉ်ကူးပြောင်းသွားတဲ့ဖြစ်ရပ်။
သံလမ်းပေါ်မအိပ်ရဆိုတဲ့… ၁၉၇၈ ဖြူးမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ ဝိညာဉ်ပူးပြီး ရထားကြိတ်မှုတစ်ခု။
နေရာချင်းလဲမယ်ဆိုတဲ့… ၁၉၉၃ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ရေဝဲစုပ်ခံလိုက်ရတဲ့ သနားစဖွယ် ကလေးငယ်နှစ်ဦးရဲ့ ရင်နင့်ဖွယ်ဖြစ်ရပ်။
စတဲ့ ဖြစ်ရပ်မှန်အခြေခံ ရသဇာတ်လမ်းလေးတွေဟာ ဖတ်ရင်းဖတ်ရင်း တစ်ရွက်၊ တစ်ခန်း ဖတ်ပြီးသွားမှာကို နှမြောရတဲ့အထိ လက်ကမချ တသသ ဖတ်ရမယ့် စာအုပ်လေးဖြစ်တယ်ဆိုတာ ယခုစာအုပ်အတွက် အပိုမပါ အညွှန်းစကား ပါးလိုက်ပါရစေ။
| စာမျက်နှာ | 128 |
|---|---|
| စာအုပ်အရွယ်အစား | 5.8 × 0.5 × 8.3 inches |
| ပုံနှိပ်မှတ်တမ်း | လရောင်သစ်စာပေ၊ 2020 နိုဝင်ဘာလ (ပ-ကြိမ်) |
Out of stock


Htet Hnin Phyu (verified owner) –
တရားခံဝိညာဉ်စာအုပ်မှာ ဖြစ်ရပ်မှန်ဇာတ်လမ်း
(၇) ပုဒ်ပါဝင်တယ်
ဖြစ်ရပ်မှန်တစ်ပုဒ်ချင်းစီတိုင်းဟာ
စာဖတ်သူရဲ့ သိချင်စိတ်ကို ဆွဲခေါ်သွားတယ်
သရဲတစ္ဆေကိုတရားဆွဲမယ်ဆိုတဲ့
ဖြစ်ရပ်မှန်ဇာတ်လမ်းမှာ
ကွန်မြူနစ်ဝါဒပြင်းထန်သောရဲဘော်အောင်စိုးနှင့်ရဲမေမကျင်တို့မှာအနောက်ရိုးမတောင်ခြေတော၏ရွာမှာ ရွာသူရွာသားအသွင်နေထိုင်ရာကအကြင်လင်မယားအဖြစ်
ပေါင်းသင်းခဲ့ကြရာ လယ်သစ်တွေထွင် စပါးတွေစိုက် တောင်ယာလုပ်ရင်း သားသမီးသုံးယောက်မွေးဖွားခဲ့တယ်
သားကြီးနိုင်စိုးက ၂၅ နှစ်
သားလတ်ခိုင်စိုးက ၂၀နှစ်
သမီးငယ်ပိုင်ပိုင်စိုးက ၁၅ နှစ်အသီးသီး
ရှိလာကြတဲ့အခါမှာ ကားလမ်းရထားလမ်းနီးရာ တောမြို့လေးကိုပြောင်းချင်လာကြတယ်
သင်္ချိုင်းဟောင်းမြေ သုံးကွက်တွဲက ၀ယ်မည့်သူမရှိ၍ အတင်းလျှော့ရောင်းရာ
ဘာသာမဲ့ကွန်မြူနစ်ဝါဒကျင့်သုံးသူပီပီ
မျက်စိနှင့်တပ်အပ်တွေ့မှ ယုံကြည်သူတွေမို့ သင်္ချိုင်းဟောင်းမြေကွက်တွေကို၀ယ်ယူလိုက်ကြတယ်
သားသမီးများကိုလဲ သရဲတစ္ဆေမရှိဟူသော ဝါဒကိုရိုက်သွင်းပေးထားသည်
သူတို့မိသားစုနေထိုင်ရာပျဥ်းမပင်ကြီးကို
ခုတ်လှဲပစ်ရာမှ ဒုက္ခတွေနှင့်ကြုံလာရသောအခါ နောက်ဆုံးပျဥ်းမပင်က
သရဲတစ္ဆေကြီးကို တရားစွဲပြီး သေဒဏ်ချမှတ်လိုက်မှ ဘာအဆိုးမှထပ်မဖြစ်တော့ပါ
ထိုကဲ့သို့ စိတ်၀င်စားစရာဖြစ်ရပ်မှန်များကို ဖတ်ရှုသင့်ကြောင်း
တိုက်တွန်းပါရစေ