ညောင်ရမ်းခေတ် ဝန်ကြီးပဒေသရာဇ်၏ မဏိကက်ပြဇာတ်ကို တေးဂီတရှုထောင့်မှ လေ့လာခြင်း
10000 (ကျပ်)
မဟာဂီတပညာရှင် ဆရာမကြီးရွှေကူနန်းနွဲ့နွဲ့သည် မြန်မာ့ရိုးရာ အနုသုခုမပညာတို့ကို ကိုယ်တိုင်လည်းအပတ်တကုတ်ဆည်းပူး၍ မိမိသိတတ်နားလည်ထားသော ပညာရပ်များကို နှောင်းလူတို့လက်ထဲသို့ ရက်ရက်ရောရော အမွေပေးနေသော ပညာရှင်ကြီးဖြစ်ပါသည်။ စာတွေ့သင်ကြားပြသခြင်း၊ ဟောပြောဆွေးနွေးခြင်း၊ ကိုယ်တိုင်သီဆိုကပြ ဖြန့်ဝေပညာပေးခြင်း၊ သုတေသနစာတမ်းများနှင့် ကျမ်းများ ပြုစုခြင်းတို့ဖြင့် မြန်မာစာပေ၊ မြန်မာ့ဂီတ၊ မြန်မာ့သုခုမအနုပညာတို့ကို ထိန်းသိမ်းကာကွယ်၊ ပြုစုစောင့်ရှောက်၊ တိုးတက်ပြန့်ပွားအောင် ဦးလည်မသုန်ဆောင်နေသူဖြစ်သည်။
ယခုစာအုပ်တွင် အခန်းပေါင်း (၁၇)ခန်းပါရှိပြီး၊ မာတိကာခေါင်းစဉ်အလိုက် မဏိကတ်ပြဇာတ် လေ့လာချက်ကို ဖတ်ရှုရမည်ဖြစ်သည်။
မဏိကတ်ပြဇာတ်ကိုလေ့လာရာတွင် ဖွဲ့စည်းပုံ၊ ဇာတ်ကောင်စရိုက်၊ ပြဇာတ်မှရရှိသော အကျိုးတရားများအပြင် နောက်ဆုံး “မဏိကတ်ပြဇာတ်မှ လောကဓမ္မသိမှတ်ရာများ” ကိုပါ ထုတ်နှုတ်ဖော်ပြထားသည်။ ယခုစာအုပ်သည် စာပေရော ဂီတပါ ရှုထောင့်အမျိုးမျိုးမှ လေ့လာသုံးသပ်ထားသော သုတေသနကျမ်းစာအုပ်ဖြစ်သည့်အားလျော်စွာ ပြဇာတ်စာပေလေ့လာသူများ၊ မြန်မာစာချစ်မြတ်နိုးသူများ ဝန်ကြီးပဒေသရာဇာ၏ စာပေများကို မြတ်နိုးတန်ဖိုးထားသူများ မဖြစ်မနေ လေ့လာဖတ်ရှုရမည့် စာအုပ်ကောင်းတစ်အုပ်…….
| စာမျက်နှာ | 282 |
|---|---|
| စာအုပ်အရွယ်အစား | 5.9 x 0.5 x 8.3 inches |
| ပုံနှိပ်မှတ်တမ်း | သစ္စာရောင်ခြည်စာပေ၊ 2021 ဒီဇင်ဘာလ (ပ-ကြိမ်) |
Out of stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ