
မြို့အုပ်ပုံပြင်
9500 (ကျပ်)
“မြို့အုပ်ပုံပြင်” သည် ကိုလိုနီခေတ်နှောင်းပိုင်းနှင့် လွတ်လပ်ရေးခေတ်ဦးကာလ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းရှိ အုပ်ချုပ်ရေးယန္တရားကို ဟာသ၊ သရော်စာရသများဖြင့် ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်ထားသည့် ထင်ရှားသော ဝတ္ထုတိုပေါင်းချုပ် စာအုပ် ဖြစ်ပါသည်။
ဤစာအုပ်တွင် ပါဝင်သော ဝတ္ထုတိုများသည် မြန်မာတို့ မလွတ်လပ်ခင်ဘဝမှ လွတ်လပ်သောဘဝသို့ ကူးပြောင်းခဲ့ကြသည့် ကာလတစ်လျှောက် တွေ့ကြုံရသော အုပ်ချုပ်ရေးလောကအကြောင်းကို ရေးသားထားခြင်း ဖြစ်သည်။ ဆယ်အိမ်ခေါင်း၊ သူကြီး၊ မြို့အုပ်၊ နယ်ပိုင်၊ အရေးပိုင် မှသည် ဝန့်ရှင်တော်မင်းကြီးအထိ အဆင့်ဆင့်သော အာဏာပိုင်များ၏ ဘဝနှင့် လုပ်ရပ်များကို နောက်ခံပြုထားပါသည်။
ဆရာမောင်ထင်က ထိုခေတ်က အုပ်ချုပ်သူ မင်းလုပ်သူများသည် နတ်၊ သိကြားများက တံဆိပ်ခတ်နှိပ်ပေးလိုက်သူများမဟုတ်ဘဲ လူထဲမှ ပေါက်ဖွားလာသော လူချည်းဖြစ်ကြောင်း မီးမောင်းထိုးပြထားသည်။ ထို့ကြောင့် ၎င်းတို့တွင်လည်း လူတို့သဘာဝအတိုင်း အမျက်ထွက်တတ်ခြင်း၊ သနားတတ်ခြင်း၊ ရက်စက်တတ်ခြင်း၊ လောဘဇောတိုက်ခြင်းနှင့် မှားတတ်၊ မှန်တတ်ခြင်းများ ရှိသည်ကို သရော်စာရသဖြင့် ဖော်ထုတ်ထားသည်။
စာအုပ်တွင် ပါဝင်သော တော၊ တရားခံ၊ လာဘ်၊ ဥပဒေနှင့် ရွေးကောက်ပွဲ ဒဏ္ဍာရီ စသည့် ဝတ္ထုတိုခေါင်းစဉ်များအတိုင်း၊ နယ်စွန်နယ်ဖျား အုပ်ချုပ်ရေး၏ ကမောက်ကမဖြစ်ရပ်များ၊ လာဘ်ပေးလာဘ်ယူမှုများနှင့် ရွေးကောက်ပွဲကာလ နယ်က နိုင်ငံရေးသမားများ၏ အမူအကျင့်များကို ပေါ်လွင်အောင် ရေးသားထားပါသည်။
“မြို့အုပ်ပုံပြင်” သည် သမိုင်းနောက်ခံ အုပ်ချုပ်ရေးစနစ်၏ ပုံရိပ်များကို စာပေအနုပညာဖြင့် မှတ်တမ်းတင်ထားသော စာအုပ်ကောင်းဖြစ်သည်။ အာဏာရှိသူတို့၏ သဘာဝနှင့် လူ့လောက၏ အလွဲအချော်များကို ဟာသနှောကာ လေ့လာလိုသည့် စာဖတ်ပရိသတ်များအတွက် မဖြစ်မနေ ဖတ်ရှုသင့်သည့် သရော်စာ လက်ရာတစ်ခု ဖြစ်ပါသည်။
| စာမျက်နှာ | 402(Woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.1 x 0.6 x 7.4 inches |
| ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2024 ဇန်နဝါရီလ (တတိယအကြိမ်) |
2 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ