ကမ္ဘာကြီးကို ပြောင်းလဲစေသော မိန့်ခွန်းများ

( 0 မှတ်ချက်)

13000 (ကျပ်)

မိန့်ခွန်းတွေ

ရိုးရိုးပြောရရင် မိန့်ခွန်းဆိုတာ နားထောင်တဲ့လူတစ်ချို့ (သို့) လူအများကို ပြောတဲ့စကားလို့ ဆိုရမှာပါ။ ဒါဟာ ပြောသူရဲ့ စိတ်ကူးနဲ့ အတွေးတွေကို ထင်ဟပ်တဲ့ စကားတွေလို့လည်း ပြောနိုင်ပါတယ်။ တစ်နည်းပြောရရင် မိန့်ခွန်းပြောသူဟာ လူအများကို (သို့) တစ်စုတစ်ဖွဲ့ကို (သို့) ကမ္ဘာကြီးကို အသိပေးချင်တာ၊ ညွှန်ကြားချင်တာ၊ ဖြေဖျော်တာနဲ့ ဆွဲဆောင်ချင်လို့ ပြောတဲ့ စကားတွေပါ။ ဒီအကြောင်းချင်းရာ (၄) ရပ်ထဲမှာ ကဏ္ဍအသီးသီးက ခေါင်းဆောင်တွေဟာ သူတို့ရဲ့ လူ့အဖွဲ့အစည်းအသီးသီးမှာ မိန့်ခွန်းတွေပြောခဲ့ကြပါတယ်။ သူတို့ပြောတဲ့ မိန့်ခွန်းတွေနောက်မှာ သမိုင်းဆိုင်ရာအဖြစ်အပျက်ကြီးတွေ (သို့) အတွေးအမြင်နောက်ခံတွေ ရှိကြပါတယ်။ ဒီအဖြစ်အပျက်ကြီးတွေနဲ့ နောက်ခံချင်းရာတွေကို ခုခံဖို့၊ ဆန့်ကျင်ဖို့ ပြောင်းလဲပစ်ဖို့ကို ဦးဆောင်သူတွေဟာ သူ့ရဲ့ လူ့အဖွဲ့အစည်းနဲ့ သူ့နောက်လိုက်နောက်ပါတွေ အပြင် ကမ္ဘာကြီးကိုပါ စကားတွေ ပြောတတ်ကြပါတယ်။ အဲ့ဒီ့စကားတွေဟာ ကမ္ဘာကြီးကို တစ်ဆစ်ချိုး ပြောင်းလဲသွားစေပါတယ်။ ပြောင်းလဲတယ်ဆိုရာမှာ ကောင်းတဲ့ ပြောင်းလဲခြင်းတစ်ခြမ်းထဲကို ဆိုလိုခြင်းမဟုတ်။ မကောင်းတဲ့ ပြောင်းလဲခြင်းများလည်း ရှိတတ်ပါတယ်။ ၁၉၃၈ ခုနှစ်၊ စက်တင်ဘာလမှာ “ဟစ်တလာ”ဟာ သစ္စာဖောက်တွေအတွက် ကျုပ်တို့ ဘာမှ လုပ်စရာမရှိဘူး။ ကျုပ်တို့အားလုံး ကျုပ်တို့ရဲ့ နိယာမဟောင်းတွေအပေါ် သစ္စာရှိရမယ်…. “လို့ ပိုလန်ကို စစ်ကြေညာတဲ့ မိန့်ခွန်းပြောရင်း ကမ္ဘာကြီးကို မီးလောင်တိုက်သွင်းခဲ့သလိုပဲ ဂျပန်ဧကရာဇ် ဟီရိုဟီတိုဟာ ၁၉၄၅ ခုနှစ်၊ သြဂုတ်လမှာ “ကျုပ်တို့ဟာ အချိန်နဲ့ ကံတရားရဲ့ စေစားချက်အရ နောင်လာမဲ့ မျိုးဆက်တွေအတွက် ကြီးကျယ်ခမ်းနားတဲ့ ငြိမ်းချမ်းရေးလမ်းကို ခင်းပေးဖို့ နာကျည်းခါးသီးမှုတွေ ညည်းညည်းခံ၊ မခံနိုင်လောက်တဲ့ နာကျည်းမှုတွေ ခါးစည်းခံရမှာပဲ”လို့ သူ့နိုင်ငံသားတွေကို အသံလွှင့် မိန့်ခွန်းပြောရင်း …ကမ္ဘာစစ်ကြီးကို နိဂုံးချုပ်ပေးရင်း …..ကမ္ဘာကြီးကို ပြောင်းလဲပစ်ခဲ့ပါတယ်။ အာဏာဟာ သေနတ်ပြောင်းဝက လာတယ်ဆိုတဲ့ အင်အားအခြေပြု တော်လှန်ရေးသဘောတရား ကြီးစိုးချိန် အိန္ဒိယက “ဂန္ဓီကြီး” ဟာ “ကျုပ်တို့ အရင်းအမြစ်တွေအားလုံး အကြွင်းမဲ့ အကြမ်းမဖက်ရေးလှုပ်ရှားမှုတစ်ခုအဖြစ်ပဲ ဖြေရှင်းရမယ်”လို့ သူ့ရဲ့ ကမ္ဘာကျော် “ဆားချီတက်ပွဲ”မှာ မိန့်ခွန်းခြွေရင်း သူ့ရဲ့ အဟိံသလမ်းစဥ်နဲ့ တော်လှန်ရေးကဏ္ဍသစ်ကို ဖွင့်လှစ်လိုက်ပါတယ်။၁၉၁၇ ခုနှစ်၊မဟာအောက်တိုဘာတော်လှန်ရေးကြီးထဲ “ဗော်ရှီဗစ်တွေကို အာဏာလွှဲပေး…… “လို့ မိန့်ခွန်းပြောပြီး အာဏာရယူခဲ့တဲ့ မဟာလီနင်ရဲ့ ဆိုဗီယက်ကြီးဟာ ၁၉၈၈ ခုနှစ်မှာတော့ ဆိုဗီယက်ခေါင်းဆောင် “မီခေးလ်ဂေါ်ဘာချော့”က “လွတ်လပ်စွာ ရွေးချယ်ခွင့်ဟာ ဘုံနိယာမတစ်ခုပါ။ ခြွင်းချက် မရှိသင့်ပါဘူး”လို့ UN မှာ မိန့်ခွန်း ပြောရင်း ဆိုဗီယက်တစ်ခေတ်ကို အပြီးသတ်လိုက်ပါတယ်။ ၁၉၆၃ ခုနှစ်မှာ မာတင်လူသာကင်းဟာ ” ကျနော့်မှာ အိမ်မက်တစ်ခု ရှိတယ်…. “ဆိုတဲ့ အရပ်သားအခွင့်အရေးမိန့်ခွန်းကို ပြောကြားပြီးတဲ့နောက် ကမ္ဘာကြီးဟာ တဆင့်တိုး ပြောင်လဲသွားပါတယ်။ စသလို..အခုစာအုပ်ဟာ အဲ့ဒီလို ကမ္ဘာကြီးကို အကောင်းရောအဆိုးပါ ပြောင်းလဲသွားစေတဲ့ မိန့်ခွန်းတွေကို စုစည်းထားတဲ့ စာအုပ်ပါ။ ဒီစာအုပ်မှာ ကမ္ဘာကြီးကို အတွေးအခေါ်အရ ပြောင်း လဲသွားစေတဲ့ နာဇရက်သား ယေရှုခရစ်တော်နဲ့ တမန်တော် မိုဟာမက်ကစလို့ သောမတ်ဂျက်ဖာဆန်၊ နပိုလီယန် ဘိုနာဘတ်၊ ဂျိုးဇက်စတာလင်၊ ဝင်စတန်ချာချီ၊ ခရူးရှက်၊ ကနေဒီ၊ မာတင်လူသာကင်း၊ မန်ဒဲလား၊ မီခေးလ် ဂေါ်ဘာချော့၊ ဗားကလပ်ဟာဗယ်၊ ဂျော့ ဒဗလျူ ဘုရှ် အပါအဝင် ဘာရတ်အိုဘာမား …..အဆုံး လူပုဂ္ဂိုလ် (၄၈) ယောက်ရဲ့ ကမ္ဘာကြီးကို ပြောင်းလဲသွားစေတဲ့ မိန့်ခွန်းတွေနဲ့ မိန့်ခွန်းရဲ့အ​ဖြစ်အပျက်နောက်ခံတွေအပြင် မိန့်ခွန်းပြောသူတွေရဲ့ အတ္ထုပ္ပတ္တိနဲ့ သူတို့ရဲ့ မိန့်ခွန်းတွေကို တစ်စုတစ်စည်းထဲ ဖတ်ရှုရမဲ့စာအုပ်ဖြစ်သလို နောင်အခါ အကိုးအကားအားပြု ရမဲ့ စာအုပ်တစ်အုပ်ဖြစ်မှာ သေချာပါတယ်။

စာမျက်နှာ

335

စာအုပ်အရွယ်အစား

7.9x 0.11x 10.8 inches

ပုံနှိပ်မှတ်တမ်း

ယဉ်မျိုးစာပေ၊ 2023 နိုဝင်ဘာလ

3 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကမ္ဘာကြီးကို ပြောင်းလဲစေသော မိန့်ခွန်းများ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

နီဇော်(မြန်မာပြန်) စာအုပ်များ