တတိယနှင်း
9000 (ကျပ်)
အမေဆိုတာ အပြစ်မြင်စရာ တစ်ကွက်မှ မရှိဘဲ အမြဲချစ်မြတ်နိုးခံထိုက်တဲ့ လူသားတစ်ယောက်လို့ ခံယူထားသူ တစ်ယောက်အတွက် ဒီဝတ္ထုထဲက “ဒေါ်နှင်းရီ”ဟာ စံဇာတ်ကောင်တစ်ဦး ဖြစ်လာမှာ မဟုတ်ပါဘူး။
သမီးကို ချစ်တာ တစ်ခုတည်းအတွက်နဲ့ ကျန်တဲ့ အရာအားလုံးကို မျက်ကွယ်ပြုရဲသူ ဒေါ်နှင်းရီ။ မိခင်မေတ္တာ ခေါင်းစဥ်အောက်က သူ့ရဲ့ အတ္တတွေက ဖြူစင်လွန်းတဲ့ မိခင်မေတ္တာကို အရောင်းတွေအမျိုးမျိုး ဆိုးလိုက်တာဟာ ထူးဆန်းလွန်းတဲ့ ယနေ့ခေတ်ရဲ့ ပုံသဏ္ဌာန်တခုကိုများ ဖော်ညွှန်းကိုယ်စားပြုနေခဲ့သလား။
ဖားကန့်မြို့ မှော်ဒေသ ရေမဆေးသမားမိသားစုတစ်စုကနေ အခြေတည်ပေါက်ဖွားလာတဲ့ “တတိယနှင်း”။ အဖေကိုမင်းလွင်၊ အမေဒေါ်နှင်းရီ၊ ညီမလေး ငွေနှင်းသန့်၊ ကိုကြီးဆောင်းဝေ။ မုသားချိုချိုတွေနဲ့ ဆူးတွေ ပေါက်နေတဲ့ ဒေါ်နှင်းရီရဲ့ လက်ထဲ သူတို့တစ်မိသားစုလုံးရဲ့ ဘဝကံကြမ္မာ။ ဘယ်လို လူမျိုးမဆို ကိုယ့်မျှော်လင့်ချက်နဲ့ကိုယ် ရှင်သန်ခွင့် ရှိတယ် မဟုတ်လား။ တတိယအကြိမ် ဆိုတာ သင်ခန်းစာတွေနဲ့ မျှော်လင့်ချက်ကိုလည်း ပေးတတ်ပြန်သတဲ့။
လောကမှာ ကိုယ်နဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တိုင်းရဲ့ လျှို့ဝှက်ချက်တွေကို သိနိုင်သမျှ သိသွားဖို့ လိုအပ်သလား၊ ဒါမှမဟုတ် ဘာမှ သိမသွားရတာကပဲ ကောင်းသလား။
မိခင်မေတ္တာဟာ သားသမီးတွေရဲ့ ဘဝအတွက် မျှော်လင့်ခြင်းနှင်းစက်ကလေးထက် ပိန်းပိတ်သွားတဲ့ မြူနှင်းတစ်စက် ဖြစ်နေခဲ့ရင်ရော…..။
စာမျက်နှာ | 306 |
---|---|
စာအုပ်အရွယ်အစား | 5.3 x 0.5 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | ဆုရောင်စဉ်စာပေ၊ 2023 ဩဂုတ်လ၊ (ပ-ကြိမ်) |
3 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ