မီးခိုးတန်းလျှောက်သောလမ်း
12000 (ကျပ်)
ဆရာမကြီးသည် ဤစာစုတွင် သူ၏ဘဝအတွေ့အကြုံများကို အခြေခံကာ ‘ဒေါ်လေးနေ နေရာကနေ၍ကလေးလူငယ်များအတွက် သိမှတ်ဖွယ်ရာများကို ပုံပြင်ပြောဟန် ရေးသားထားသည်။ဤစာစုများရေးရခြင်း အကြောင်းကို “ဒေါ်လေးရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကလေးတို့ နောင်တစ်ခေတ်လူကြီးများ ဖြစ်လာတဲ့အခါ လူ့အကျိုးပြုတဲ့ လူကြီးများ ဖြစ်လာနိုင်အောင် အခုထဲက ပြင်ဆင်ပေးတာပဲကွဲ့’ ဟု ‘လူကြီးလေး’ စာစုတွင် စေတနာစကားအဖြစ် ဖော်ပြထားပါသည်။
ပုံဝတ္ထုတစ်ပုဒ်ချင်းစီတွင် သင်ခန်းစာတစ်ခုစီ ပါဝင်ပါသည်။ အများသူငါ ရင်းနှီးကျွမ်းဝင်သည့် အကြောင်းများကို အခြေခံကာ ဖြစ်စဉ် ပြောပြဟန် ရေးထားသည်။ ကလေးအထူးကုဆရာဝန်ကြီးအဖြစ် နိုင်ငံ့ တာဝန်ထမ်းဆောင်ရင်း တွေ့ ကြုံခဲ့သည့် အတွေ့ အကြုံများ၊ ငယ်စဉ်က သက်ကြီးစကား သက်ငယ်ကြား နာယူခဲ့ရသည့် အဆုံးအမများ၊ အလေ့ အကျင့်များကိုမျှဝေထားပါသည်။
ကိုယ်ချင်းစာတရားထားရေး၊ လူပီသရေး၊ မူးယစ်ဆေးရှောင်ကြဉ်ရေး၊ အသေးအဖွဲ့ကလေးများကအစ ဂရုပြုရေး၊ ပစ္စည်းပစ္စယများကို ရိုသေစွာကိုင်တွယ်ရေး စသည်ဖြင့်ကလေးသူငယ် လူငယ်တို့၏ ကိုယ်နှုတ်နှလုံးသုံးပါးတွင် ဆင်ခြင်သတိရှိရန်၊ သုစရိုက်များ ကိန်းအောင်းရန်၊ လိမ္မာယဉ်ကျေးရန်၊ လူငယ်သီလ မညစ်နွမ်းစေရန်၊ သူတို့ ၏နှလုံးသားတွင် စရိုက်ဆိုးများ မစိုက်ပျိုးမိစေရန် သွန်သင်ပေးပါသည်။
လူငယ်မောင်မယ်များ ကိုယ်ကျင့်တရားကောင်းမွန်ရေး၊ စိတ် အရည်အသွေးမြင့်မားရေးအတွက် ဆောင်စရာ၊ ရှောင်စရာ အတုယူ စရာ၊ မှတ်သားစရာများကို နားဝင်အောင်ပြောထားသည့် ပုံဝတ္ထုစာစုများ မှာ နှစ်သက်စရာကောင်းပါသည်။ စိတ်ခွန်အားဖြစ်ပါသည်။ လူကြီးလူ ငယ်တိုင်း ဖတ်သင့်သည့် စာတစ်အုပ်ဖြစ်ပါသည်။ စိတ်ကိုကျွေးသောအစာ အာဟာရအဖြစ် အားပါတရ သုံးဆောင်နိုင်ကြပါသည်။
| စာမျက်နှာ | 196 (Woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.8 x 0.4 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | အမြွှာညီနောင်၊ 2025 ဇူလိုင်လ (ပထမအကြိမ်) |
7 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ