ခင်ဗျားဟာထင်သလောက်လည်းစမတ်မဖြစ်ပါဘူး
21000 (ကျပ်)
“ခင်ဗျား”
———
အယူအဆအမှား – ခင်ဗျားဟာ ကြောင်းကျိုးကျကျ စဉ်းစားတတ်သူဖြစ်တယ်။ ယုတ္တိကျကျ တွေးတောလုပ်ဆောင်တတ်သူ ဖြစ်တယ်။ ကမ္ဘာလောကကို အရှိအတိုင်း မြင်တတ်တဲ့သူ ဖြစ်တယ်။
အမှန်တရား – ခင်ဗျားဟာ အခြားသောသူတွေအားလုံးလိုပဲ ဝေဝါးရှုပ်ထွေးနေတတ်ပါတယ်။ ဒါပေမယ့် အဲ့ဒါက အဆင်ပြေ ပါတယ်။ အဲ့ဒါ ပုံမှန်ပါပဲ။
ခင်ဗျားလက်ထဲမှာ ကိုင်ထားတဲ့စာအုပ်က ကိုယ့်ကိုယ်ကိုယ် လှည့်ဖျားခြင်းနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေနဲ့ ကျွန်တော်တို့ အားလုံး အဲ့ဒီ လှည့်ဖျားထားတဲ့ အစွဲမှားတွေထဲကို ဘယ်လို ကျရောက်ကုန်ကြသလဲ ဆိုတဲ့ အချက်အလက်တွေပါတဲ့ သံခိပ် စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
ကမ္ဘာလောကကြီး ဘယ်လိုဘယ်ပုံ အလုပ်လုပ်နေသလဲဆိုတာကို ခင်ဗျားသိတယ်လို့ ခင်ဗျား ထင်မှတ်နေပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာက ခင်ဗျား မသိပါဘူး။ ခင်ဗျားဟာ ဘဝတလျှောက်လုံးမှာ ခင်ဗျားဘယ်သူလဲဆိုတာနဲ့ ခင်ဗျား လုပ်နေတဲ့ အရာတွေကို ဘာကြောင့်လုပ်နေရတာလဲ ဆိုတဲ့အပေါ် ထင်မြင်ယူဆချက်တွေနဲ့ ယုံတမ်းပုံပြင်တွေကို ဖွဲ့စည်း နေခဲ့ပါတယ်။ အခုတော့ ဒီစာကြောင်းကို ခင်ဗျားဖတ်မိနေပါပြီ။ အားလုံးကို ခြုံကြည့်ရင်တော့ ဒါတွေဟာ အစစ်အမှန် အရှိတရားရယ်လို့ ထင်ရပါတယ်။
တကယ့်အမှန်တရားကတော့ စိတ်ပညာနဲ့ သိမှုဆိုင်ရာသိပ္ပံပညာ နယ်ပယ်ထဲကနေ ထွက်ပေါ်လာတဲ့ ထူးခြားတဲ့ အသိအမြင်သစ်တွေအရဆိုရင် ခင်ဗျားဟာ ခင်ဗျားလုပ်နေတဲ့ အရာတွေကို ဘာကြောင့်လုပ်နေမိတယ်ဆိုတာ လုံးဝကို မသိပါဘူး၊ ခင်ဗျားရွေးချယ်လိုက်တဲ့အရာတစ်ခုကို ဘာကြောင့် ရွေးချယ်မိတယ်ဆိုတာ လုံးဝကို မသိပါဘူး၊ ခင်ဗျား တွေးနေမိတဲ့ အတွေးတွေကို ဘာကြောင့်တွေးနေမိတယ်ဆိုတာ လုံးဝကို မသိပါဘူး တဲ့။ အဲ့ဒီအစားမှာ ခင်ဗျားဟာ ဇာတ်ကြောင်းပြန်ကောက်၊ ဇာတ်လမ်းလေးတွေ ဖန်တီးလိုက်ပြီး ဒီအစားလျှော့စားတဲ့ အစီအစဉ်ကို ငါဘာကြောင့်လုပ်နေရတယ်၊ မိုက်ခရိုဆော့ဖ်ထက် အက်ပဲကို ဘာကြောင့်ပိုကြိုက်ရတယ် ဆိုတဲ့ ထိုးဇာတ်တွေကို ကိုယ့်ဟာကိုယ် ဖန်တီး ပစ်လိုက်ပါတယ်။
ဒီစာအုပ်မှာပါတဲ့ အကြောင်းအရာအသစ်တစ်ခုစီတိုင်းကို ဖတ်သွားလိုက်တိုင်းမှာ ခင်ဗျားကိုယ်ခင်ဗျား အမြင်သစ်နဲ့ စတင်မြင်နိုင်လာပါလိမ့်မယ်။ အဲ့ဒီနောက်မှာ ခင်ဗျားဟာလည်း ထင်သလောက် စမတ်ဖြစ်မနေဘူးဆိုတာကို သိလာပါလိမ့်မယ်။ ပြီးတော့ လိုတာထက်ပိုနေတဲ့ သိမှုအစွဲမှားတွေ၊ မှားယွင်းတဲ့ အသင့်သုံးနည်းလမ်းတွေနဲ့ ယေဘုယျ ယုတ္တိအလွဲ တွေကို ကျေးဇူးတင်လာမိပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားဟာ တကယ့်အရှိတရားနဲ့ လိုက်လျောညီထွေရှိနိုင်ဖို့ ခင်ဗျားကိုယ်ခင်ဗျား တစ်မိနစ်ပြီး တစ်မိနစ် လှည့်ဖျား နေရတယ်ဆိုတာကို နားလည်သွားမှာမို့ပါ။
သောကမရောက်ပါနဲ့ .. အဲ့ဒါက ပျော်စရာကောင်းမှာပါ။။
| စာမျက်နှာ | 461 ( Woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.8× 1.2×8.2 inches |
| ပုံနှိပ်မှတ်တမ်း | The Book Town၊ 2025 ဧပြီလ (ပထမအကြိမ်) |
5 in stock








Htet Arkar –
အရမ်းကောင်းတဲ့စာအုပ်တစ်အုပ်ဆိုတာထပ်ပိုပါတယ်
အမည်မသိ –
Good Good
Ko Arkar –
လူတွေရဲ့ စိတ်အစွဲအမှားတွေအကြောင်း သေချာရေးထားတာ ကိုယ့်စိတ်ကိုရော တခြားသူတွေကိုပိုနားလည်စေတယ်။ ဘာသာပြန်လည်းညက်ညောလို့ ဖတ်ရတာ အရမ်းကောင်းတယ်။ နောက်ထပ် အသုံးဝင်တဲ့ ဘာသာပြန်စာပေတွေလည်းမျှော်လင့်ပါတယ် :D
Khaing wai phyo –
ဆရာကတ်စပါဇော်ကစိတ်ပညာစာအုပ်တွေဘာသာပြန်တဲ့ထဲမှာတော်တော် တော်တဲ့ဆရာပါ သူဘာသာပြန်ထားတဲ့ လူမကြိုက်တာခံရဲတဲ့သတ္တိ စာအုပ်ဆိုတော်တော်လေးကောင်း ပီးမူရင်းအရသာ လုံးဝမပျက်ဘူး လောကကြီးရှင်းရှင်းလင်းလင်းမြင်လိုက်သလိုပဲ
Murray –
This is the right site for anybody who really wants to understand this topic.
You realize so much its almost tough to argue with you (not that I personally would want to…HaHa).
You certainly put a brand new spin on a subject that has been written about for a long time.
Wonderful stuff, just great!
my blog :: internet-casino-tfx.com