သံသာကမ်းရပ် ဝတ္ထုတိုများ
4500 (ကျပ်)
သေ စရိတ်ဆိုပြီး လူတွေဟာ တကူးတကမရှာကြပါဘူး။ မသေခင်အချိန်မှာ တင့်တောင့်တင့်တယ်နေနိုင်ဖို့သာ ကြိုးစားရုန်းကန်ကြရတာပါ။ တချို့က မသေခင် ကုသိုလ်ကောင်းမှုတွေလုပ်ကြတယ်။ သေရင် ကိုယ့်နောက် ဒါပဲပါမှာဆိုပြီးတော့ပေါ့။
ဒီအထဲ ဒေါ်မြတင်ဆိုတဲ့ အမယ်အိုကြီးခင်ဗျာ သားသမီးတွေရှိပါလျှက်နဲ့ ဘုန်းကြီးကျောင်းက ကျွေးတာပဲစားရရှာတယ်။ အသက်ကကြီးပြီဆိုတော့ မလုပ်တတ်မကိုင်တတ်နဲ့ပေါ့။ ဒါပေမဲ့ တစ်အိမ်ဝင်တစ်အိမ်ထွက်နဲ့ ပိုက်ဆံတွေလိုက်တောင်း၊ အဝတ်အစားတွေ လိုက်တောင်းနဲ့ပေါ့။ သားအကြီးရဲ့ အန္တရာယ်ကိုကြောက်လွန်းလို့ ရတဲ့ပိုက်ဆံကို မြေကြီးထဲတူးမြှုပ်။ တစ်နေ့ သားဖြစ်သူက ပိုက်ဆံကို အသည်းအသန်လိုချင်လာလေတော့ အမယ်အိုကြီးကို ပြဿနာရှာပါတော့တယ်။ အမယ်အိုခဗျာ၊ သူရှာထားတဲ့ပိုက်ဆံကို အထိမခံနိုင်ဘူး။ ဒါနဲ့သူငယ်ချင်းတစ်ယောက်ဆီမှာ သွားအပ် စကားလုံးတွေက အချိတ်အဆက်မရှိ။ တစ်ခုခုကိုစိုးကြောက်နေသလိုလို။ ဒီလိုနဲ့ အမယ်အိုနဲ့သားမိုက်တို့ရဲ့ ဇာတ်လမ်းလေးက ဘယ်လိုဖြစ်မလဲဆိုတာကို ဖတ်ရှုရမယ့် လူမှုဘဝသရုပ်ဖော်ဝတ္ထုတိုစုစည်းမှု စာအုပ်ကောင်းလေးပဲဖြစ်ပါတယ်။
| စာမျက်နှာ | 135 |
|---|---|
| စာအုပ်အရွယ်အစား | 5.4×0.2×8.2 inches |
| ပုံနှိပ်မှတ်တမ်း | Book Case By Saw၊ 2024 မတ်လ (ပထမအကြိမ်) |
Out of stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ