မောင့်တီရှပ်လေးမိုးမမိစေချင်
4000 (ကျပ်)
နောက်ခံ ငယ်ဘဝ ဇာတ်ကြောင်းတွေကြောင့် အရာရာမှာ စိုးရိမ်ပူပန်နေတတ်သူ အရိုးခံမိန်းကလေး တစ်ယောက်ဟာ ဘဝကို ကြိုးစားဖြတ်သန်းရင်း ယုံကြည်လောက်တဲ့ နွေးထွေးကြင်နာတဲ့ချစ်သူနဲ့ တွေ့ဆုံခဲ့ရလို့ ဘဝဟာ အေးချမ်းလာခဲ့ပါတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ မထင်မှတ်တဲ့ မတော်တဆ ဖြစ်ရပ်တစ်ခု
ကို အကြောင်းပြုရာကနေ သံသယ ဆိုတဲ့ ပြဿနာက ရောက်ရှိလာခဲ့ပါတယ်။ အဲဒီ သံသယ အက်ကြောင်းကစလို့ တည်ဆောက်ထားခဲ့တဲ့ ယုံကြည်မှုတွေ၊ ချစ်ခြင်းတရား အဆောက်အအုံတွေဟာ ပြိုလဲကျသွားခဲ့ပါတယ်။ ဒီဝတ္ထုမှာ လူမှု ဆက်ဆံရေးအပေါ် လက်ခံယုံကြည်ကြမှု စံနှုန်းတွေ ကွာခြားကြတဲ့ မျက်မှောက်ခေတ် မိန်းကလေးတွေရဲ့ အတွေးအမြင်နဲ့ ခံစားချက်တွေကို တစ်စိတ်တစ်ပိုင်းဆိုသလို မြင်ရပါမယ်။ တချို့ မိန်းကလေးတွေမှာ ကျား/မ ဆက်ဆံမှု ဟာ ပေါ့ပေါ့ပါးပါးလေး ဖြတ်သန်းစရာ ဖြစ်နေပေမဲ့ တချို့မှာတော့ ဘဝကြီးတစ်ခုလုံး ဖြစ်နေတာ မျိုးကို ဒီဝတ္ထုက ဖော်ကျူး ထားပါတယ်။
| စာမျက်နှာ | 92 |
|---|---|
| စာအုပ်အရွယ်အစား | 5.4 x 0.2 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | အိပ်မက်အသစ်စာပေ ၊ 2023 ဇွန်လ ၊ (ပ – ကြိမ်) |
2 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ