စာအုပ် မိတ်ဆက်ခြင်း
10000 (ကျပ်)
ဗီယင်နာမြို့ရဲ့ ထင်ရှားတဲ့ စိတ်ရောဂါအထူးကုဆရာဝန်ဖြစ်သူ ဗစ်တာဖရန်ကယ်ဟာ နာဇီတို့ရဲ့ အော့ဇဝစ်အကျဥ်းစခန်းမှာ ရှိနေစဉ် သူနဲ့ အခြားအကျဉ်းသားတွေရဲ့ အခက်အခဲတွေကို ရင်ဆိုင်ပုံနည်းလမ်းကို ထူးခြားစွာ လေ့လာနိုင်ခဲ့ပါတယ်။ အခြားသူတွေကို နှစ်သိမ့်ပေးပြီး မိမိတို့ရဲ့ နောက်ဆုံး ပေါင်မုန့်ကို ပေးကမ်းခဲ့သူတွေက အချိန်အကြာဆုံး ရှင်သန်နိုင်ခဲ့ကြောင်း သူမြင်တွေ့ခဲ့ရပါတယ်။အခြားအရာအားလုံးကို လုယူနိုင်ပေမဲ့ ဘယ်လိုအခြေအနေမှာမဆို တောင့်ခံနိုင်တဲ့ စိတ်ခံယူချက်သဘောထားကိုတော့ လုမယူနိုင်ဘူးဆိုတာ သူနားလည်သဘောပေါက်ခဲ့ပါတယ်။
အကျဉ်းသားတစ်ဦး ဘယ်လိုလူဖြစ်လာသလဲဆိုတာက အကျဥ်းစခန်းရဲ့လွှမ်းမိုးမှုတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။ သူ့ရဲ့အတွင်းစိတ်ဆုံးဖြတ်ချက်ကြောင့်ဖြစ်ပါတယ်။ မိမိရဲ့ စိတ်ဓာတ်စွမ်းအားထိန်းသိမ်းနိုင်စွမ်းကို လျှော့ချပစ်လိုက်သူတွေဟာ အကျဥ်းစခန်းရဲ့ဆုတ်ယုတ်ပျက်စီးစေတဲ့လွှမ်းမိုးမှုကို အဆုံးမှာ ခံလိုက်ရပါတယ်။ ဒါပေမဲ့ အဲဒီအတွေ့အကြုံတွေကို စိတ်ဓာတ်ခိုင်မာသူတွေဟာ အောင်မြင်မှုတစ်ရပ်အဖြစ်သို့ ရောက်အောင် ဖန်တီးနိုင်ခဲ့ကြပါတယ်။
လူသားရဲ့ အနက်ရှိုင်းဆုံးသော ဆန္ဒဟာ ဘဝရဲ့ အဓိပ္ပါယ်နဲ့ ရည်ရွယ်ချက်ကို ရှာဖွေဖို့ဖြစ်တယ်လို့ ဖရန်ကယ်က ယုံကြည်လာခဲ့ပါတယ်။ ဖရန်ကယ်ရဲ့ ထူးချွန်တဲ့လက်ရာဖြစ်တဲ့ ဒီစာအုပ်ဟာ ကျွန်တော်တို့အားလုံးကို ဆင်းရဲဒုက္ခကို ကျော်လွှားနိုင်ဖို့ ဘဝနေထိုင်မှုအနုပညာမှာ အဓိပ္ပါယ်ရှိတဲ့ အရာကို ရှာဖွေတွေ့ရှိဖို့ နည်းလမ်းတစ်ခုကို ပေးစွမ်းထားပါတယ်။
| စာမျက်နှာ | 160 |
|---|---|
| စာအုပ်အရွယ်အစား | 5.8 x0.3x 8.3 inches(Woodfree Paper) |
| ပုံနှိပ်မှတ်တမ်း | သားငယ်စာပေ၊ 2025 အောက်တိုဘာလ၊ (ပထမအကြိမ်) |
Out of stock
|
|
|
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ