ဝဋ်ကြွေးရှိခဲ့သော်
10000 (ကျပ်)
“ဝဋ်ကြွေး” တဲ့ ..
မကြာခဏ ကြားရလေ့ရှိတတ်ပေမယ့် တကယ်တမ်း ဝဋ်ကြွေး ဆပ်ဖို့ဖြစ်လာတဲ့အခါမှာတော့ ကံကြမ္မာက သိပ်တရားပါတယ် … သားကောင်အပေါ် နည်းနည်းမှ မျက်နှာသာမပေးတော့ဘူး ။
အချစ်တစ်ခုအတွက် အရာရာကို ရင်ဆိုင်ဖို့ သတ္တိရှိခဲ့တဲ့ မိန်းကလေးတစ်ယောက် …။
အဆုံးသတ်မှာ သူမရဲ့အချစ်က နတ်ဖက်တဲ့ဖူးစာဖြစ်မလား ? ကြမ္မာငင်တဲ့ ဝဋ်ကြွေးဖြစ်လာမလား ?
ချစ်ခြင်းနဲ့ အတ္တကြားမှာ ဘယ်သူတွေက မြေစာပင်ဖြစ်ပြီး ဘယ်သူတွေက ပူလောင်ငိုကြွေးကြရဦးမလဲ ?
၅၂၈ မေတ္တာရဲ့ အေးမြမှု နဲ့ ၁၅၀၀ ချစ်ခြင်းနောက်ကွယ်က ဒုက္ခသောကတွေ အားပြိုင်လာကြတဲ့အခါ …
နာကျည်းမုန်းတီးမှုတွေ အငြိုးတွေနဲ့ပြည့်နှက်နေတဲ့ နာနာဘာဝမိန်းကလေးတစ်ယောက် … သူမ ခံစားခဲ့ရတဲ့ မတရားမှုအတွက် ဘယ်လိုတုန့်ပြန်မလဲဆိုတာ …။
မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတစ်ခုမှာ ဖြစ်ပေါ်လာမယ့် ထိတ်လန့်ချောက်ချားစရာ နောက်ဆက်တွဲတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ ?
ချစ်ခြင်း ၊ မုန်းခြင်း ၊ ပေးဆပ်ခြင်း ၊ နာကျည်းခြင်း ၊ ခွင့်လွှတ်ခြင်း ၊ဝမ်းနည်းခြင်း နဲ့ ကြောက်ရွံ့ဖွယ်ရာထိတ်လန့်ခြင်း ရသမျိုးစုံကို ပေးစွမ်းနိုင်မယ့် ဇာတ်လမ်းလေးတစ်ပုဒ် ။
ဝဋ်ကြွေးဆပ်ဖို့လာခဲ့ရတဲ့ မိန်းကလေးတစ်ယောက်
ဒီဘဝ ဒီမျှနဲ့ပဲ ဝဋ်ကြွေးတွေကျေမလား?
သံသရာအဆက်ဆက်မှားဖို့ဖြစ်လာဦးမလား? ဆိုတာကို ထိတ်လန့်ကြောက်ရွံ့ဖွယ် စိတ်ဝင်တစား ဖတ်ရှုရမယ့် စာအုပ်တစ်အုပ် ။
“ တချို့ဝဋ်ကြွေးတွေဟာ အချိန်တန်တာနဲ့ အဆုံးသတ်သွားတတ်ပေမယ့် … တချို့ဝဋ်ကြွေးတွေကတော့ သံသရာအဆက်ဆက်မှားဖို့ ဖြစ်လာတတ်တယ် “
| စာမျက်နှာ | 272 |
|---|---|
| စာအုပ်အရွယ်အစား | 5.5× 0.4×8.1 inches |
| ပုံနှိပ်မှတ်တမ်း | စာရိပ်မြိုင်စာပေ 2023 စက်တင်ဘာလ (ပထမအကြိမ် ) |
Out of stock





Thet Naing Aung –
Friday 13 ဆိုတာ ညဘက်စိတ်လှုပ်ရှားစရာတွေ ဖတ်လို့အကောင်းဆုံးအချိန်တဲ့ ။ ကိုယ်ကလည်း တိုက်ဆိုင်စွာနဲ့ မိုင်ရာရဲ့ ဝဋ်ကြွေးရှိခဲ့သော် စာအုပ်ကို လက်စသတ်မယ့်နေ့ဖြစ်နေတော့ အံကိုက်ပဲပေါ့။
🔘 Friday 13 မို့ ပိုစိတ်လှုပ်ရှားစရာကောင်းမလား ၊ မကောင်းဘူးလား ဆိုတာတော့ သေချာမသိပေမယ့် မိုင်ရာ့ရဲ့ ဝဋ်ကြွေးရှိခဲ့သော် က တော့ ဇာတ်လမ်းအစ၊အလယ်၊အဆုံး ပျင်းစရာတကွက်မှမရှိ ရင်တထိတ်ထိတ် အသည်းတဖိုဖိုနဲ့ ဖတ်ရတာတော့ အမှန်ပါပဲ ။
🔘စာဖတ်ရင်းနဲ့ မျက်လုံးထဲမှာ အနက်ရောင်ဝတ်စုံ ဝတ်ထားပြီး ကနေတဲ့ အငြိမ့်မင်းသမီးတယောက်ကိုလည်း စွဲစွဲမြဲမြဲ မြင်ယောင်နေမိပြန်ပါတယ်။
” မှူံရွှေရည် … ခိုင်မာလာနှင်းဆီ…တောက်….ချီး….ချီး…..ကြိုင်စွာသာသင်းကြည်….တောက်….ချီး ….”
🔘စာဖတ်နေတုန်း တစုံတယောက်ကများ အကြောင်းတိုက်ဆိုင်စွာ မှူံရွှေရည် သီချင်းများ ထဖွင့်လာခဲ့ရင် စာအုပ်ချပြီး အခန်းထဲက ထွက်ပြေးမိမလားတောင် မသိပါဘူး။
🔘 နာကျည်းမှူ့တွေ ၊ မုန်းတီးမှူ့တွေ ၊ အငြှီုးအတေးတွေနဲ့ ပြည့်နှက်နေတဲ့ ” နှင်းသွေးဝတ်မှုန် ” ဆိုတဲ့ တမလွန်က အငြိမ့်မင်းသမီးလေး နဲ့ အချစ်အတွက် အရာရာရင်ဆိုင်ရဲတဲ့ ” ကြည်ဖြူသွင်သွင် ” ဆိုတဲ့အမျိုးသမီးလေးတယောက်ရဲ့ အားပြိုင်မှူ့တွေကို ရင်တထိတ်ထိတ် ဖတ်ရမှာပါ။
🔘 Friday 13 ညကို ကျနော်ကတော့ နှင်းသွေးဝတ်မှုန်ရဲ့ ကဟန် ၊ ဆိုဟန် တွေနဲ့ ရင်တုန်စွာဖြတ်သန်းနေပါပြီ။ အခုဒီ Post ကိုဖတ်နေတဲ့ ခင်ဗျားတို့ရော ဘေးကိုငဲ့ကြည့်ဦးဗျ။နှင်းသွေးဝတ်မှုန်က ငုတ်တုတ်ကြီး ထိုင်ကြည့်နေဦးမယ်နော် 😝😝😝
shinsu –
ကိုယ်ဆိုညဖက်ကြီးဖတ်တော့ နောက်ကြောပေးပြီးကို့ယို့ကားရားကြီးကနေတာဆိုပြီမြင်ယောင်လာပြီးကြောက်နေရတာ
တကယ်ဖတ်လို့ကောင်းပါတယ် သူဘာလို့သေခဲ့ရလဲဆိုတာလဲတမြုံမြုံနဲ့တဖြည်းပေါ်လာတာစိတ်ဝင်စားဖို့ကောင်းပါတယ် 😀