ခေါင်မိုးများ(စိတ်အလင်းဖွင့်အက်ဆေးများ)
3000 (ကျပ်)
နိုင်ငံတကာတွင် တိုင်းပြည်၏ခေါင်းဆောင်များသည် အုပ်ချုပ်ခံပြည်သူများ၏ခေါင်မိုးများဖြစ်သည်။ အိမ်တိုင်းတွင်လည်း မိဘများသည် သားသမီးများ၏ခေါင်မိုးများ ဖြစ်သည်။ အသင်းအဖွဲ့များတွင်လည်း ခေါင်းဆောင်များသည် အောက်လက်ငယ်သားများ၏ခေါင်မိုးများ ဖြစ်သည်။
အသိပညာဖြင့် ထိန်းကျောင်းလျက် မျှတမှုဆီသို့မောင်းနှင်သော ခေါင်းဆောင်များ ရှိသလို၊ အသိပညာဖြင့် ထိန်းကျောင်းမှုမရှိဘဲ စာနာနားလည်မှု မရှိခြင်း၊ ကိုယ်ချင်းစာမှု မရှိခြင်း၊ ဘယ်သူသေသေ ငတေမာလျှင်ပြီးရောဆိုသည့် ခေါင်းဆောင်များလည်း ရှိနေပေလိမ့် မည်။ ထိုခေါင်းဆောင်တည်းဟူသော ခေါင်မိုးများ၏ လုံခြုံမှုကင်းမဲ့နေခြင်းကြောင့်
ယခုစာအုပ်သည် ဆရာမောင်မင်းစိုး၏ (၃၅)အုပ်မြောက်စာအုပ် ဖြစ်သည်။ လက်ရှိခေတ်စနစ်တွင် နေထိုင်နေကြသော ပြည်သူများ၏စိတ်တံခါးများကို အလင်းဖွင့်ပေးရန် ရည်ရွယ်ရေးသားထားခြင်း ဖြစ်သည်။ လူ့ဝန်းကျင်ရှိ သာမန်မြင်တွေ့နေကျပစ္စည်းများ၏ လေးနက်သောအကြောင်းအရာများ၊ စဉ်းစားတွေးခေါ်စရာများကို တဖွဲ့တနွဲ့ ခံစားရေးသားထားသည်။ ထို့ကြောင့် ယခုစာအုပ်တွင်ပါရှိသော အက်ဆေးများကို ‘စိတ်အလင်းဖွင့်အက်ဆေးများ’ဟု ညွန်းဆိုထားသည်။
စာမျက်နှာ | 160 |
---|---|
စာအုပ်အရွယ်အစား | 5.6× 0.4 × 8.3 inches |
ပုံနှိပ်မှတ်တမ်း | pica စာပေ၊ 2021 ဖေဖော်ဝါရီလ |
9 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ