စည်းနဲ့ကမ်းနဲ့မြန်မာစာ

( 1 မှတ်ချက်)

6000 (ကျပ်)

မြန်မာစာအဖွဲ့မှာ စာတည်း၊ စာတည်းမှူး၊စာတည်းမှူးချုပ်၊ ညွှန်ကြားရေးမှူးတာဝန်များထမ်းဆောင်ခဲ့ပြီး ယခုအချိန်ထိ မြန်မာစာအဖွဲ့တွင် အချိန်ပြည့်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မြန်မာစာဆရာကြီးရေးသားထားတာမို့ အနှစ်သာရပြည့်ဝလွန်းတဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။မှားတတ်တဲ့အမှားများအကြောင်း၊ ဘာကြောင့်မှားတယ်လို့ပြောရတာလဲ၊ ဘာကြောင့်မှန်တယ်လို့ပြောရတာလဲ၊ သတ်ပုံအမှားအမှန် ဇဝေဇဝါဖြစ်နေတဲ့အခါ အမှန်သိအောင် ဘယ်လိုကြံဆောင်ရမယ်ဆိုတာကအစ ပညာရှင်ပီပီ အနုစိတ်ရှင်းပြထားတဲ့ စာအုပ်ဖြစ်ပါ။ စုတူသတ်စနစ်အကြောင်း၊ သုဒ္ဓကြိယာ ကာရိုက်ကြိယာအကြောင်း၊ သတင်းဆိုတဲ့စကားလုံးအကြောင်း၊ ဤနှင့်ကျွဲအကြောင်း ရေးသားထားတာတွေဆိအသိပညာ များစွာရှိစေပါတယ်။ မြန်မာစာကိုလဲ ပိုမိုနားလည်လာစေပါတယ်။’စည်းနဲ့ကမ်းနဲ့မြန်မာစာ’စာအုပ်ကို ၂၀၁၉ ခုနှစ်က ပထမအကြိမ်ထုတ်ဝေခဲ့ဖူးပါတယ်။ အဲဒီအချိန်က ခဏအတွင်း စာအုပ်ပြတ်လပ်သွားခဲ့ပေမဲ့ ကိုဗစ်ကာလ အခြေအနကြောင့်ထပ်မံထုတ်ဝေခြင်းမပြုခဲ့ပါဘူး။ အခုဒုတိယအကြိမ်အဖြစ်ထုတ်ဝေလိုက်တဲ့စာအုပ်မှာ အမှားပြင်ဆင်ချက်များ၊ အသစ်ဖြည့်စွက်ချက်များပါဝင်တာမို့ ယခင်ဝယ်ထားဖူးသူများထပ်မံဝယ်ယူလေ့လာလို့လဲရပါတယ်။

 

 

စာမျက်နှာ

188

စာအုပ်အရွယ်အစား

6 × 0.3 × 9.5 inches

ပုံနှိပ်မှတ်တမ်း

ရွှေပေစာပေ၊ 2022 စက်တင်ဘာလ ( ဒုတိယအကြိမ်)

1 in stock

စည်းနဲ့ကမ်းနဲ့မြန်မာစာ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Kaung Kaung

    မြန်မာလူငယ်တွေဖတ်သင့်တဲ့ စာအုပ်ကောင်းလေးပါ
    မြန်မာစာကို ကျယ်ကျယ်ပြန့်ပြန့်ရေးထားတဲ့ စာအုပ်ကောင်းလေးမို့ ကိုယ်ကတော့ သဘောကျပါတယ်

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ဒေါက်တာထွန်းတင့် စာအုပ်များ