ဆည်းဆာချိန်တိမ်နီများ
8000 (ကျပ်)
နတ်သျှင်နောင်ရဲ့ ဘ၀နေ၀င်ခါနီး ပုံရိပ်များကို ရသမြောက် ရေးဖွဲ့ထားတဲ့ ဆည်းဆာချိန်တိမ်နီများ ..
နတ်သျှင်အကြောင်းက ကျွန်မကို ကာလယန္တရားစက်ထဲ ထည့်လွှတ်လိုက်သလို သိနားလည်သွားတဲ့အထိ ဆွဲဆောင်ခဲ့တဲ့ ၀တ္ထုဖြစ်နေလို့ပါ ..။
( ဆရာမ ဂျူး )
နတ်သျှင်နောင်ဟာ သူ့ကိုယ်သူတော့ သစ္စာမဖောက်ခဲ့ဘူးဆိုတဲ့ အချက်ပါပဲ ..။
( ဆရာ မင်းလူ )
ဒုတိယအကြိမ် ထုတ်ဝေလိုက်တဲ့ ဒီစာအုပ်ကိုဝောာ့ ဆရာမကြီး ခင်မြဇင်ကိုယ်တိုင် ပြန်လည် တည်းဖြတ်ထားပါတယ် ..
ဆရာမဂျူးနဲ့ ဆရာမင်းလူရဲ့ ဒီစာအုပ်အပေါ်အမြင်လေးကိုလည်း အမှတ်တရအနေနဲ့ ထည့်သွင်းအသုံးပြုထားပါတယ် ..
နတ်သျှင်နောင်အကြောင်းကို စိတ်ဝင်စားကြသူတွေဆိုရင် ဒီစာအုပ်က စိတ်နှလုံးကို လှုပ်ခတ်သွားစေမှာ အသေအချာပဲ ဖြစ်ပါတယ် …..
| စာမျက်နှာ | 280 |
|---|---|
| စာအုပ်အရွယ်အစား | 5.5× 0.3×8.1 inches |
| ပုံနှိပ်မှတ်တမ်း | စာရိပ်မြိုင်စာပေ 2022 ဒီဇင်ဘာလ (ပထမအကြိမ်) |
4 in stock





Aeri Myat –
ဆည်းဆာချိန် တိမ်နီများတဲ့…။
ဖတ်နေရင်း ရင်မောနေမိတာ…
ဖတ်ပြီးချိန်ထိ စိတ်ထဲလည်း
ဝမ်းနည်းနာကျင် ကျန်ခဲ့ရတယ်။
နားထဲမှာလည်း ဂရီနတ်သံတွေ…
စစ်မက်ကြွေးကြော်သံတွေ… နာကျင်မှူကြောင့် အော်ညည်းသံတွေရယ်ပေါ့…။
တောင်ငူဘုရင်ဟောင်း “နတ်သျှင်”အပေါ်
သနားလည်းသနားသလို ကရုဏာဒေါသလည်းဖြစ်မိတယ်။
“နတ်သျှင်”ကိုယ်တိုင်
ကိုးကွယ်ရာဘာသာ ပြောင်းမယ်လို့ ပြောလိုက်တဲ့အချိန် “နန္ဒယော်ဓါ”နဲ့အတူ
စိတ်ကတထပ်တည်း ယူကြုံးမရဖြစ်နေမိတာပဲ။
“နတ်သျှင်”ရဲ့ ချစ်ခင်ကြင်နာမှုကို
မျှော်လင့်နေတတ်တဲ့
“မြင့်ဖုန်းရှိ”ရဲ့စိတ်ထဲက ဒဏ်ရာကိုလည်း
နားလည်ခံစားမိတယ်။
တမြေတည်းနေ တရေတည်းသောက်
သွေးရင်းညီအစ်ကိုတွေအချင်းချင်း ရန်သူအဖြစ် ရင်ဆိုင်ရတဲ့အချိန်ဟာလည်း ရင်နာစရာကောင်းလွန်းပါတယ်။
စာအုပ်ပြီးသည်အထိ စိတ်ထဲမှာ
စွဲထင်ကျန်ခဲ့သူ တစ်ယောက်ကတော့
“နတ်သျှင်”ရဲ့သားတော်
“မင်းရဲနရာ” ပါပဲ။
အသက်နဲ့မလိုက်အောင် ရဲရင့်ပြီး
စိတ်ထားကောင်းသူ၊ စာနာတတ်သူ
စစ်မက်ဖြစ်ပွားခြင်းကို အလိုမရှိသူ၊
စိတ်နှလုံးသား နူးညံ့တဲ့ကလေးပေါ့။
တောင်ငူသားနဲ့ ပုသိမ်သူတို့အခေါ်
“သိုးကလေး” အတွက် ရင်တမမနဲ့
စိတ်ပူနေမိတာပါပဲ။
နေဝင်ချိန်မြင်ရတဲ့ တိမ်နီနီတွေဟာ
“နတ်သျှင်”အတွက်တော့ နောက်ဆုံးနေဝင်ချိန်ဖြစ်ခဲ့ရတာမို့ ကြေကွဲစရာပါပဲ။
“နတ်သျှင်”ဆန္နရှိသလိုမျိုး ငဇင်ကာတို့
ပေါ်တကေတွေကို ပြန်တိုက်ထုတ်နိုင်ခဲ့ရင် သမိုင်းကြောင်းက ပြောင်းသွားပြီး
နတ်သျှင်လည်း အခုလို အဆုံးသတ်ကို
မကြုံတွေ့ရလောက်ဘူးလို့တွေးမိပြီး
ယူကြုံးမရ ဖြစ်မိရတယ်။ ဒီလိုဖြစ်ဖို့ ကံပါလာတာလို့ပဲလို့သာ…ဖြေတွေးရပါတယ်။
ဆရာမကြီး “ခင်မြဇင်”ရဲ့ အရေးအသား
ပြေပြစ်မှုကြောင့် ဖတ်ရတာ စာသွက်ပြီး
နားလည်လွယ်တာမို့ နေ့ချင်းဖတ်လို့
ပြီးသွားပါတယ်။ သမိုင်းနောက်ခံ ဝတ္ထုဆိုပေမဲ့ တကယ့်အဖြစ်အပျက်မို့ မသိတာတွေလည်း သိခွင့်ရခဲ့ပါတယ်။
စစ်ဆိုရင် ဘယ်လိုစစ်မျိုးဖြစ်ဖြစ်
မဖြစ်စေချင်ပါဘူး။ အပြစ်မဲ့တဲ့သူတွေ၊
ဖျက်ဆီးခံရတဲ့ နေရာတွေ၊ ငတ်မွတ်ခေါင်းပါးမှုတွေကိုမြင်ယောင်ပြီး
စိတ်ထဲနေလို့ မကောင်းဖြစ်ရလို့ပါ။
နေဝင်ချိန်တိမ်နီနီတွေ မြင်တိုင်း
လွမ်းဆွတ်ကြေကွဲစရာ ခံစားချက်ကလေးတစ်ခုကိုလည်း ခံစားနေမိတော့မယ်
ထင်ပါတယ်။
#ဆည်းဆာချိန်တိမ်နီများ
#ခင်မြဇင်
#စာရိပ်မြိုင်စာပေ
#bookno92