ပင်လယ်၊ တောင်တန်း၊ သစ်ပင်
5500 (ကျပ်)
ချစ်ခြင်းတရားတွေဟာ ပင်လယ်တွေလိုမျိုး မာယာတွေနဲ့ ပြည့်နေသလို တောင်တန်းတွေလိုလည်း ခိုင်မြဲပါတယ်။သစ်ပင်လိုလည်းယိမ်းနွဲ့နိုင်တယ်။ ချစ်ခြင်းမှာ မေတ္တာတရားတွေ ရောစွက်လာတဲ့အခါ ငြိမ်းချမ်းတဲ့ သစ်တစ်ပင်လို လတ်ဆတ်မွှေးပျံ့နိုင်ပါတယ်။
ပင်လယ်၊တောင်တန်း၊သစ်ပင်မှာ ယုဇနပင်လေး ဖြစ်ခဲ့သူ တစ်ယောက်ကို မြင်ရပါလိမ့်မယ်။ ပင်လယ်လိုမျိုး နက်ရှိုင်းမှုတွေနဲ့ ချစ်ခဲ့တဲ့ ကောင်လေးတစ်ယောက်ကိုလည်း ထွက်ပြေးနေတဲ့ မိန်းကလေးက ရှာတွေ့ခဲ့ပါတယ်။ နယ်မြို့လေးမှာ အမြစ်တွယ် ရပ်တန့်နေတဲ့ ချစ်သူဟာ စောင့်ဆိုင်းနေတာ ဖြစ်ကြောင်းကိုလည်း နောက်ဆုံးမှာ ခင်သူသန့်သိခဲ့ရတယ်။
နိုရှီ ရဲ့ ပင်လယ်၊တောင်တန်း၊သစ်ပင် မှာ စိမ်းလန်းတဲ့ အချစ်တွေကို တွေ့မြင်ခံစားရမှာပါ။
| စာမျက်နှာ | 67 |
|---|---|
| စာအုပ်အရွယ်အစား | 5.5 x 0.1 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | အိပ်မက်အသစ်စာပေ ၊ 2024 အောက်တိုဘာလ (ပထမအကြိမ်) |
3 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ