စိတ်ကူးအိပ်မက်နှင့် အတွေးအမြင်စာစုများ (Pre Order)

( 0 မှတ်ချက်)

13000 (ကျပ်)

ဒီစာအုပ်လေး ထွက်လာမယ့်အချိန်မှာ စာရေးသူရဲ့ အသက် (၅၀) ပြည့်ပြီ ဖြစ်ပါတယ်။ စာရေးသူရဲ့ အသက်မွေးမှုပညာမှာ ရှေ့နေပညာရပ်ဖြစ်တာမို့ ရှေ့နေဘဝနဲ့ ဆယ်စုနှစ် နှစ်စုကျော်ကြာအောင် ရင်းနှီးရပ်တည်လာခဲ့တဲ့သူအနေနဲ့ ဒီလောကရဲ့ အစဉ်အလာတွေ၊ အတွေးအမြင် အတွေ့အကြုံတွေကို အမှတ်တရတစ်ခုအနေနဲ့ ချန်ထားခဲ့ချင်တာကတော့စာရေးသူရဲ့ပထမရည်ရွယ်ချက်ဖြစ်ပါတယ်။

ဒုတိယအနေနဲ့ကတော့ စာရေးသူတို့ ကြုံတွေ့ခံစားခဲ့ရတဲ့ (Crises) အခက်အခဲအမျိုးမျိုးကို ကျော်လွှားနိုင်ဖို့ထားရှိရမယ့် စိတ်နေစိတ်ထား၊ ခံယူချက်၊ ရပ်တည်ချက်တွေနဲ့ ဘဝ နဲ့အလုပ်ကို ဘယ်လိုဟန်ချက်ညီအောင် ဘယ်လိုတည်ဆောက်မလဲ ဆိုတဲ့ ပြင်ဆင်မှုတွေ အပါအဝင်၊ အများနဲ့ မတူ ခွဲထွက်ခဲ့တဲ့လမ်းကြောင်းမှာ ကိုယ့်စိတ်ကူး၊ အတွေးများမှ အခြေခံပြီး ပေါ်ပေါက်လာတဲ့ အပြုအမူကောင်း၊ စိတ်ကူးရလဒ် ကောင်းတွေကို ဘယ်လိုအကြောင်းတရားတွေကြောင့်မှ လမ်းကြောင်းအပျောက် မခံသင့်ကြောင်းနဲ့၊ တတိယအချက်အနေနဲ့ ကိုယ့်စိတ်ကြိုက်ဘဝကို ရွေးချယ်တည်ဆောက် ပြီးသွားရင် ဒီဘဝ၊ ဒီရွေးချယ်မှု ဒီနေရာမှာ ပိုပြီးကောင်းသထက်ကောင်း၊ တော် သထက်တော်အောင် ကြိုးစားရင်း၊ ထာဝရရေရှည်နာမည်ကောင်းနဲ့ အောင်မြင်မှုကို တာရှည်ခံပစ္စည်းသဖွယ် ထိန်းသိမ်းနိုင်ဖို့ လိုအပ်တဲ့ကျင့်ဝတ်တွေ စောင့်ထိန်းခြင်း တွေအပါအဝင် အဆိုးလောကဒဏ်ကို ခံနိုင်ရည်ရှိရှိ ကြိုတင်ပြင်ဆင်မှုများစွာနဲ့ တည်ဆောက်ခဲ့တဲ့ အတွေ့အကြုံများစွာကို နောင်လာမယ့် ခေတ်တွေမှာ ရှေ့နေ လောကတစ်ခုတည်းအတွက်မကဘဲ နယ်ပယ်စုံကလူငယ်တွေ တက်ကြွစွာဖြင့် သိရှိ ခံစား ပြုမူနေထိုင်နိုင်စေဖို့ လမ်းညွှန်ထားတဲ့ အတုယူဖွယ် လေ့လာနိုင်တဲ့စာစုများ ဖြစ်လို့ လူကြီးလူငယ်မရွေး မိဘမောင်ဘွား မိသားစုများကြားမှာ ဖတ်ရှုဖို့ အလွန် သင့်လျော်တဲ့စာစု‌တွေ ဖြစ်ပါတယ်။

စာအုပ်ထွက်မည့်ရက်

1.12.2026

စာမျက်နှာ

147 (Woodfree Paper)

စာအုပ်အရွယ်အစား

5.7 x 8.1 inches

ပုံနှိပ်မှတ်တမ်း

သားငယ်စာပေ၊ ၂၀၂၆ နိုဝင်ဘာလ၊ (ပထမအကြိမ်)

194 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“စိတ်ကူးအိပ်မက်နှင့် အတွေးအမြင်စာစုများ (Pre Order)” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

မေမြတ်လင်း(တိုင်ပင်ဖော်) စာအုပ်များ