စာတောအလယ်မှာ တဝဲဝဲသံသရာ
5000 (ကျပ်)
လွန်ခဲ့သော ၁၅ နှစ်က ကျွန်တော်၏ စာပေအတွေ့အကြုံအချိို့ကို ‘စာတောအလယ်မှာ’ ဟူသောအမည်ဖြင့် စာအုပ်ထုတ်ခဲ့သည်။ ယခင်နှစ်က ‘မေ့မရနိုင်သော ချစ်သူတွေ’ ဆိုသောစာအုပ် ထုတ်ခဲ့သည်။ ထိုစာအုပ်တွင်လည်း ကျွန်တော်ချစ်ခင်လေးစားပေါင်းသင်းခဲ့သော၊ ယခုကွယ်လွန်သွားကြပြီဖြစ်သော စာပေနယ်မှ ဆရာသမားများ၊ သူငယ်ချင်းများအကြောင်းတွေ ရေးခဲ့ခြင်းဖြစ်၏။
ယခုအထိလည်း ကျွန်တော်က ‘စာတောအလယ်မှာ တဝဲဝဲသံသရာ’ ဖြစ်နေဆဲ။ ထို့ကြောင့် မြန်မာစာရေးဆရာများထဲမှ ကျွန်တော် ထိတွေ့ခဲ့သမျှ လူပုဂ္ဂိုလ်များအကြောင်းတွေ ချရေးမိသည်။ မြန်မာတိုင်းမ်သတင်းစာနှင့် စံတော်ချိန်သတင်းစာတို့တွင် ဖော်ပြခဲ့သော ဆောင်းပါးများကို တစ်စုတစ်စည်းတည်း တင်ဆက်လိုက်ပါသည်။ တကယ်တော့ ထိုဆောင်းပါးများအားလုံးစုလိုက်လျှင် ကျွန်တော်၏ ‘ကိုယ်ရေးအတ္ထုပ္ပတ္တိ’ တစ်ပိုင်းတစ်စပင် ဖြစ်လာတော့မည်။ အသက်ခန္ဓာမြဲနေသေးသရွေ့ စာတောထဲတွင်သာ တဝဲဝဲသံသရာလည်ရင်းနှင့်။
| စာမျက်နှာ | 423 |
|---|---|
| စာအုပ်အရွယ်အစား | 5.2 x 0.7 x 8.3 inches |
| ပုံနှိပ်မှတ်တမ်း | ဩကာသစာပေ၊ 2021 ဇန်နဝါရီလ (ပ-အကြိမ်) |
2 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ