မြစ်
9000 (ကျပ်)
❤️ တစ်ယောက်ယောက်ရှိရင် တစ်ခုခုတော့ဖြစ်သွားလိမ့်မယ်
ပွင့်တာ၊ လန်းတာ
ကျိုးတာ၊ ပျက်တာ
ဘာမဆို။
ဘာမဆိုထဲက တစ်ခုခုတော့ဖြစ်သွားလိမ့်မယ်
ပိုကောင်းမွန်တဲ့သူ။
ကမ္ဘာကို
ရေလောင်းပေါင်းသင်နိုင်မယ့်သူလည်း ဖြစ်သွားနိုင်သလို
ကမ္ဘာကို
စစ်ခင်းနိုင်မယ့်သူလည်း ဖြစ်သွားနိုင်တယ်။
ဒီလိုဆိုတော့
တစ်ယောက်ယောက်မရှိရင်လည်း
တစ်ခုခုတော့ဖြစ်သွားနိုင်တာပဲ။
ကမ္ဘာကြီးပူနွေးလာတာနဲ့အမျှ
ရေခဲတောင်တွေ
ရေအောက်တဖြည်းဖြည်းရောက်သွားသလိုပေါ့
တစ်ယောက်ယောက်မရှိရင် တစ်ယောက်ယောက်ဟာလည်း
စုန်းစုန်းမြုပ်သွားနိုင်တာပဲ…။
◽ ဒီစာအုပ်လေးထဲမှာ ကဗျာတို ၊ ခရာ ၊ ကဗျာရှည် ၊ အက်ဆေးဆိုပြီး လေးပိုင်းပါဝင်မှာဖြစ်ပြီး Meldian ရဲ့ Online ပေါ် မတင်ရသေးတဲ့ Unseen ကဗျာလေးတွေလည်း အများကြီးပါဝင်မှာဖြစ်ပါတယ်။
| စာမျက်နှာ | 120 (woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.4 ×0.2 ×8.2 inches |
| ပုံနှိပ်မှတ်တမ်း | Book Case By Saw ၊ 2025 မေလ(ပထမအကြိမ်) |
8 in stock








Suyee Htet –
🍀