သာသနာတော် သန့်ရှင်းရေးအမိန့်ပြန်တမ်းများ
5000 (ကျပ်)
သာသနာတော်ကို ပြုစုစောင့်ရှောက်မှုပြုရာ၌ ပဂ္ဂဟချီးမြှောက်ထောက်ပံ့နည်းဖြင့် ဆောင်ရွက်ရသည့်နည်းတူ၊ သာသနာတော် သန့်ရှင်းစင်ကြယ်ရေးအတွက် နိဂ္ဂဟဝိနည်းမဆောင် ရဟန်းယောင်များအား နှိပ်ကွပ်ဖယ်ရှားနည်းဖြင့်လည်း ဆောင်ရွက်ရမည်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရား၏ စင်ကြယ်သော လူသားအကျိုးပြု အဆုံးအမ သာသနာတော်အပေါ် ကြည်ညိုသဒ္ဓါကြီးမားပြီး အာဏာစက်ထက်မြက်သော ရှေးမင်းများသည် “ပဂ္ဂဟ” နည်းဖြင့် သာသနာပြုလုပ်ငန်းကို ဆောင်ရွက်ခဲ့သည့်အပြင်၊ “နိဂ္ဂဟ” နည်းဖြင့်လည်း သာသနာပြုလုပ်ငန်းကိုဆောင်ရွက်ခဲ့ကြသည်။ သာသနာတော်အပေါ် အလွန်ကြည်ညိုသော ရှေးဆရာတော်များနှင့်တကွ ဘုရင်မင်းများ၏ ဆောင်ရွက်တော်မူခဲ့ကြသော သာသနာပြုလုပ်ငန်းများကို ဆောင်းပါးရေးသား၍ သူရဇ္ဇမဂ္ဂဇင်းတွင် ထည့်သွင်းဖော်ပြခဲ့ရာ ၊ ယင်းဆောင်းပါးများကို စုစည်း၍ စာအုပ်ပြန်လည်ထုတ်ဝေထားခြင်းဖြစ်ပါသည်။
| စာမျက်နှာ | 209 (woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.1 × 0.4 × 7.4 inches |
| ပုံနှိပ်မှတ်တမ်း | ပန်းရွှေပြည်စာပေ၊ 2019 စက်တင်ဘာလ (ပထမအကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 24.12.2025 ရက်နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 5000 ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
5 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ