ဆွေမျိုးမတော်စပ်သော ဆွေမျိုးများအကြောင်း

( 0 မှတ်ချက်)

12000 (ကျပ်)

ဤစာစုသည် မဂ္ဂဇင်းများတွင် ကျွန်တော်ရေးခဲ့သောစာအချို့ကို စုစည်းထားသောစာစု ဖြစ်ပါသည်။
ဤစာစုကို အပိုင်းသုံးပိုင်းခွဲ၍ စုစည်းပါသည်။ အပိုင်း(က)တွင် ပါဝင်သောစာအများစုမှာ တက္ကသိုလ်မဂ္ဂဇင်းများတွင် ကျွန်တော် ရေးခဲ့သော ဆောင်းပါးများဖြစ်ပါသည်။ တက္ကသိုလ်က အတွေ့အကြုံ၊ မြန်မာစာသင် ကြားရေး၊ အင်္ဂလိပ်စာသင်ကြားရေးတို့နှင့် ပတ်သက်၍ ကျွန်တော် တွေ့မိ, မြင်မိသည်များကို ဖော်ပြထားပါသည်။ ဤအပိုင်းမှ ဆောင်းပါးတစ်ပုဒ်၏ အမည်ကိုယူ၍ စာအုပ်အမည်ပေးထားပါသည်။
အပိုင်း(ခ)တွင် Eternal Light မဂ္ဂဇင်းမှာ ကျွန်တော်ရေးခဲ့သော စာများကို စုစည်းထားပါသည်။ အမြင်၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ မြေ၊ ရေ၊ လေ၊ မီး၊ ကောင်းကင်၊ အမှောင်၊ အရိပ်၊ အိမ်၊ အဝတ်တို့နှင့်ပတ်သက်၍ အတွေးမျှင်တန်းရင်း ပေါ်ပေါက်လာသော အတွေးများကို ပေါ့ပေါ့ပါးပါး ရေးသားထားသော စာစုဖြစ်ပါသည်။ ရသစွက်ပြီး ပေါ့ပေါ့ပါးပါး ရေးထားသောစာများဖြစ်၍ ရသစာတမ်းဘက်သို့ ယိမ်းသည့် အတွေးစာများဖြစ်ပါသည်။
အပိုင်း(ဂ)သည် လူငယ်မဂ္ဂဇင်းမှာ ကျွန်တော်ရေးခဲ့သော စာများ ဖြစ်ပါသည်။ ‘မြန်မာမှု မြန်မာ့ဓလေ့ဆိုင်ရာ သိမှတ်စရာများ ‘ကို လူငယ်များ အတွက် ပေါ့ပေါ့ပါးပါးရေးထားသော စာများဖြစ်သည်။

စာမျက်နှာ

195 (Woodfree paper)

စာအုပ်အရွယ်အစား

5.3 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

အမြွှာညီနောင်၊ 2025 ဧပြီလ (ပထမအကြိမ်)

8 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဆွေမျိုးမတော်စပ်သော ဆွေမျိုးများအကြောင်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

မောင်ခင်မင်(ဓနုဖြူ) စာအုပ်များ