ရာမာယနဇာတ်တော်ကြီး

( 0 မှတ်ချက်)

6000 (ကျပ်)

ဘုရားရှင် ရားမကို ဟိန္ဒူဘာသာဝင်များသာမက ဘာသာရေးလိုက်စားသူမည်သည့် ဘာသာဝင်မဆိုကြာဖူးကြမည် ထင်ပါသည်။ မြန်မာနိုင်ငံတွင် ရာမ ၊ လက္ခဏာနှင့် သီတာတို့အကြောင်း အတော်များများ သိရှိထားဖူးကြသည်။ သို့သော် စစ်မှန်သော ရာမာယနသည် ဒဏ္ဍာရီမဟုတ် ၊ ပြဇာတ်တစ်ခုမဟုတ် ၊ စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်မဟုတ်ပါချေ ၊ အမှန်စင်စစ် အိန္ဒိယ (ခေါ်) ဘာရသနိုင်ငံတွင် ဖြစ်ခဲ့သော သမိုင်းပင် ဖြစ်သည်။ ဟိန္ဒူဘာသာဝင်များအတွက် ဘုရားရှင် ရားမသည် အမြင့်မြတ်ဆုံး ဘုရားရှင် ကိုယ်တော်တိုင် ဖြစ်တော်မူပြီး အဓမ္မတရား ကြီးစိုးချိန်တွင် လောကုတ္တရာ နိုင်ငံတော်မှ ဆင်းသက်ပွင့်တော်မူခဲ့ခြင်းဖြစ်ပြီး စိတ်ဝင်စားစရာ သင်ယူလေ့လာစရာ အသုံးချစရာ သင်ခန်းစာများစွာ ပါဝင်နေပေသည်။ ဟိန္ဒူဘာသာဝင် မဟုတ်သူများ အနေဖြင့် ယခုရာမာယနဇာတ်တော်သည် မည်သို့ အသုံးဝင်ပါ အံ့နည်း။ လူသားများကို ယုံကြည်မှုများစွာဖြင့် ခွဲခြားထားသော်ငြား ဝေဒကျမ်း များထဲတွင် တစ်ခုအပါဝင်ဖြစ်သော ရာမာယနဇာတ်တော်ကြီးမှ လူသားအားလုံးအတွက် လူနေထိုင်မှု ပုံစံများစွာကို စနစ်တကျ ပုံဖော်ထားသည်ကို တွေ့ရှိနိုင်ပေသည်။ ထိုးကြောင့် စာဖတ်သူများအနေနှင့် မည်သည့်ယုံကြည်မှုကို လိုက်စားနေသည်ဖြစ်စေ ရာမာယန ဇာတ်တော်မှ သင်ခန်းစာများသည် မိမိတို့၏ ဘဝတစ်နေရာမဟုတ် တစ်နေရာတွင် သေချာပေါက် အသုံးဝင်နိုင်မည်ဖြစ်ပါကြောင်း အလေးနက်ထား နားလည်စေလိုပါသည်။

ဒီစာအုပ်သည် ရာမာယန ကျမ်းတော်မြတ်ကြီး၏အစ ဖြစ်ပါသည်။ ကဏ္ဍကြီး ခုနှစ်ခုရှိသော ဇာတ်တော်ကြီးထဲမှ ပထမဆုံး ကဏ္ဍကြီး၏ သုံးပုံတစ်ပုံကိုသာတင်ပြထားခြင်းဖြစ်ပါသည်။ ပထမဦးစွာ ယခုစာအုပ်ကို ရေးဖြစ်ရသည့် အဓိက Inspiration မှာ His Grace Shubas Vilas parbhuji ဖြစ်သည်။ သူ၏ရာမာယနအား တင်ဆက်ထားသည့် စာအုပ်များ တရားများသည် လူတိုင်းအတွက် အကျိုးပြုနေသည်ကို တွေ့ရသည့်အပြင် ကိုယ်တိုင်လည်း ခံစားရ၍ စရေးဖြစ်ပါသည်။ သူ၏ စာအုပ်များ ၊ တရားများကိုလည်း ထည့်သွင်းရေးသားထားကြောင်း ရိုးသားစွာ ဝန်ခံလိုပါသည်။
_ စာရေးသူ အမှာမှ ကောက်နှုတ်ဖော်ပြချက် _

စာမျက်နှာ

99

စာအုပ်အရွယ်အစား

5.5x 0.2 x 8.2 inches

ပုံနှိပ်မှတ်တမ်း

Academic စာပေ 2024 ဧပြီလ(ပထမအကြိမ်)

10 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ရာမာယနဇာတ်တော်ကြီး” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

Dr.Nay Aung စာအုပ်များ