သင့်လုပ်ငန်းအတွက်အရင်းအနှီးဘယ်လိုရှာမလဲ

( 0 မှတ်ချက်)

16000 (ကျပ်)

ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်ဖို့ပဲဖြစ်ဖြစ်၊ လုပ်ငန်းကိုချဲ့ချင်လို့ပဲဖြစ်ဖြစ် အခြေခံလိုအပ်ချက်ဖြစ်တဲ့ ငွေကြေးအရင်းအနှီးဘယ်လိုရှာဖွေလို့ရနိုင်မလဲဆိုတာကို သိရှိနားလည်ဖို့အအရေးကြီးပါတယ် ။ရင်းနှီးငွေပိုရလာခြင်းဟာ သင့်လုပ်ငန်းကို ပိုမိုကြီးထွား မြန်ဆန်လာစေနိုင်ပါတယ်။ ဝန်ထမ်းတွေကို ပိုမို ငှားရမ်းနိုင်ပြီး လုပ်ငန်းနေရာသစ်တွေမှာ ထုတ်ကုန်အသစ်တွေကို လျင်မြန်စွာတိုးချဲ့နိုင်ပါတယ်။ ဒါက တခြားသူ တွေထက် ပိုမိုသာလွန်စေတဲ့အချက် ဖြစ်ပါတယ်။

သင့်အနေနဲ့ စီးပွားရေးလုပ်ငန်းတွေ ဘယ်လိုလည်ပတ်နေတယ်၊ တချို့လုပ်ငန်းတွေ ကျရှုံးနေချိန်မှာ တချို့က ဘာကြောင့် အောင်မြင်နေတယ်ဆိုတာတွေကို တွေးဖူးပါသလား။ ဒါတွေအားလုံးက အရင်းအနှီးကြောင့် ပါပဲ။ ငွေအရင်းအနှီး မလုံလောက်မှုကြောင့် လုပ်ငန်းအများအပြားဟာ ကျဆုံးခဲ့ရပါတယ်။ ဒါ့ကြောင့် ရင်းနှီးငွေ မြှင့်တင်ခြင်းဟာ လုပ်ငန်းချဲ့ထွင်လိုသူတိုင်းအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်လာပါတယ်။

ကုမ္ပဏီတစ်ခုဟာ ကြီးပွားတိုးတက်ဖို့၊ ဒါမှမဟုတ် ပြုပြင်မွမ်းမံဖို့ လိုအပ်လာပြီဆိုရင် ပြင်ပက ရင်းနှီးငွေ အရင်းအမြစ်တွေ စုဆောင်းခြင်းလုပ်ငန်းစဉ်ကို မဖြစ်မနေ စတင်ရမှာဖြစ်ပါတယ်။ ဒါကို ရင်းနှီးငွေမြှင့်တင်ခြင်း (Capital Raising) လို့ခေါ်ပါတယ်။ အတိုချုပ်အားဖြင့် စီးပွားရေးလုပ်ငန်းတွေဟာ သူတို့ရဲ့ သက်တမ်းရှည်ကြာ စေဖို့၊ ရေရှည်တည်တံ့စေဖို့အတွက် ရင်းနှီးငွေမြှင့်တင်ခြင်းကို ဆောင်ရွက်ကြပါတယ်။

ကုမ္ပဏီတွေဟာ မတူညီတဲ့ ဘဏ္ဍာငွေလိုအပ်ချက်တွေကြောင့် သူတို့ ရင်းနှီးငွေမြှင့်တင်တဲ့ပုံစံကလည်း ကြီးမားတဲ့ခြားနားမှုတွေ ရှိမှာဖြစ်ပါတယ်။ အချို့က ကိုယ်ပိုင်ငွေကြေးနဲ့ စတင်ကြသလို အချို့ကလည်း ငွေသန်း ပေါင်းများစွာကို ချေးငွေ၊ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှုပုံစံနဲ့ ရယူကြပါတယ်။ အဖွဲ့အစည်းတစ်ခုစီရဲ့ ထူးခြားတဲ့ ဝိသေသလက္ခဏာတွေနဲ့ လုပ်ငန်းချဲ့ထွင်လိုတဲ့ ရည်မှန်းချက်တွေကြောင့် မတူညီတဲ့ ဘဏ္ဍာရေးလိုအပ်ချက်တွေ ရှိ နေမှာဖြစ်ပါတယ်။

ဒီစာအုပ်ထဲမှာ တည်ထောင်စ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် လိုအပ်တဲ့ရင်းနှီးငွေကို ဘယ်လိုနည်းစနစ်တွေနဲ့ ရှာဖွေရမယ်၊ ရင်းနှီးငွေရဲ့အရေးပါပုံ၊ ရှယ်ယာနဲ့ ကြွေးမြီစာချုပ်စာတမ်းတွေနဲ့ ရင်းနှီးငွေမြှင့်တင်ပုံ၊ လုပ်ငန်းမော်ဒယ် အမျိုးအစားတွေ၊ ယှဉ်ပြိုင်မှု အားသာချက်ရအောင်ဘယ် လိုဆောင်ရွက်ရမယ်ဆိုတာတွေ၊ ဆုံးရှုံးနိုင်‌ခြေနဲ့ အကျိုးအမြတ်ပြန်ရချက် စတာတွေ၊ စတော့အိတ်ချိန်းကို စာရင်းဝင်ခြင်းနဲ့ ထွက်ခွာမှု မဟာဗျူဟာ စတာတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။

စာမျက်နှာ

180(woodfree paper)

စာအုပ်အရွယ်အစား

5.6 ×0.4 ×8.2 inches

ပုံနှိပ်မှတ်တမ်း

စာပေလမ်းစာပေ ၊ 2025 ဒီဇင်ဘာလ(ပထမအကြိမ်)

21 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“သင့်လုပ်ငန်းအတွက်အရင်းအနှီးဘယ်လိုရှာမလဲ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

သက်ထွန်းဦး စာအုပ်များ