စိတ္တသုခ
4000 (ကျပ်)
ပိုင်ဆိုင်ထားတာနဲ့ ပျော်နှင့်ပါ..
ရင်ဆိုင်ထားတာနဲ့ မျှော်လင့်ပါ…
စိတ်ချမ်းသာပျော်ရွှင်ဖို့ ကိုယ့်ဘ၀ထဲမှာ စိုက်ပျိုးထားရမယ့် မျိုးစေ့လေးတွေကို ဒီစာအုပ်လေးမှာ ဖတ်ရပါလိမ့်မယ်….
◽ တစ်ပါးသူအပေါ် ခံစားချက်မှီခိုမှုအနည်းဆုံးဘ၀ဟာ ပျော်ရွှင်ရဆုံး ဘ၀ပါပဲ… တခြားသူတွေရဲ့ စကားလုံးတွေအပေါ် ခံစားမလွယ်ဘူး။ကိုယ့်ဖြစ်တည်မှုနဲ့ကိုယ် အားရကျေနပ်တယ်။ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ရင်း တခြားသူတွေကိုလည်း မထိခိုက်အောင် ဂရုစိုက်တယ်။ စိတ်ချမ်းသာပျော်ရွှင်မှုဆိုတာ အရာရာကို ရှောင်ပုန်းပြီး တာ၀န်ယူမှုကင်းစွာ နေထိုင်တတ်ခြင်းကိုမဆိုလိုပါဘူး။ တာ၀န်ယူသင့်တာတွေကို တာ၀န်ယူရင်း စိတ်အညစ်အကြေးကင်းစင်စွာ ရှင်သန်နေထိုင်တတ်ခြင်းသာ ဖြစ်ပါတယ် …
◽ ဒီစာအုပ်ကို တစ်ထိုင်တည်း၊ တစ်နေ့တည်း ဖတ်လို့ ပြီးကောင်း ပြီးနိုင်ပါတယ်။ ဒါပေမယ့် ဆင့်ပွားတွေးတောရမှာတွေ၊ လက်တွေ့ကျင့်ကြံရမှာတွေကတော့ တစ်နေ့တည်းနဲ့ ပြီးသွားမှာ မဟုတ်ပါဘူး။ လူတစ်ယောက် စိတ်ချမ်းသာဖို့ဆိုတာ သူ (ပျိုးထောင်သွားရမယ့်အရာ၊ စိုက်ပျိုးသွားရမယ့်အရာ) နေထိုင်ကျင့်ကြံသွားရမယ့် အရာသာ ဖြစ်ပါတယ်။ ဒီလို ပျိုးထောင်နိုင်ဖို့ စိုက်ပျိုးနိုင်ဖို့အတွက် ဒီစာအုပ်လေးက မျိုးစေ့ဖြစ်ပါလိမ့်မယ်…
| စာမျက်နှာ | 175 |
|---|---|
| စာအုပ်အရွယ်အစား | 5 ×0.4 ×7 inches |
| ပုံနှိပ်မှတ်တမ်း | Book Case By Saw ၊ 2022 အောက်တိုဘာလ (ပထမအကြိမ်) |
5 in stock





အမည်မသိ –
အရမ်းမှန်ပါတယ်ဆရာ