အောင်မြင်သောလူပုဂ္ဂိုလ်များ၏အလေ့အကျင့်

( 0 မှတ်ချက်)

9000 (ကျပ်)

အောင်မြင်မှုဆိုသည်မှာ ကံကောင်းခြင်းသက်သက် သို့မဟုတ် မွေးရာပါအရည်အချင်းများကြောင့်သာဖြစ်သည်ဟု အများစုက ထင်မြင်တတ်ကြသည်။ သို့သော် လက်တွေ့တွင်မှု အောင်မြင်သောလူပုဂ္ဂိုလ်များသည် ၎င်းတို့၏ နေ့စဉ်ဘ၀တွင် မသိစိတ်ဖြင့်ဖြစ်စေ၊ သိစိတ်ဖြင့်ဖြစ်စေ တစ်သမတ်တည်း လုပ်ဆောင်နေသော အလေ့အကျင့်များကြောင့်သာ အောင်မြင်မှုကို ရရှိကြခြင်း ဖြစ်ပါတယ်။

ယခုစာအုပ်သည် ထိုကဲ့သို့သော အောင်မြင်မှု၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် ရည်ရွယ်ပါသည်။  ကျွန်ုပ်သည် နှစ်ပေါင်းများစွာ အောင်မြင်သောပုဂ္ဂိုလ်များ၏ ဘ၀နေထိုင်မှုပုံစံ၊ လုပ်ဆောင်ချက်များနှင့် အတွေးအမြင်များကို လေ့လာဆန်းစစ်ခဲ့ရာ ၎င်းတို့အားလုံးတွင် ဘုံတူညီတဲ့ အလေ့အကျင့်များစွာကို တွေ့ရပါသည်။  အလေ့အကျင့်များသည် ၎င်းတို့၏ ပန်းတိုင်များဆီသို့ တည်ငြိမ်စွာ ဦးတည်စေပြီး အခက်အခဲများကို ကျော်လွှားနိုင်ရန် ခွန်အားပေးကာ နောက်ဆုံးတွင် ထူးခြားသောရလဒ်များကို ရရှိစေခဲ့ပါသည်။

စာအုပ်တွင် သင်သည် အောင်မြင်သောပုဂ္ဂိုလ်များ မွေးမြူထားသည့် အဓိကအလေ့အကျင့်များကို အခန်းအလိုက် အသေးစိတ်လေ့လာခွင့်ရရှိမည် ဖြစ်ပါတယ်။ ၎င်းတို့တွင်

– နံနက်ခင်းအလေ့အကျင့်များ – နေ့တစ်နေ့တွင် ထိရောင်စွာ စတင်နိုင်ရန် ကူညီပေးသော အလေ့အကျင့်များ။
– အချိန်မီ စီမံခန့်ခွဲမှုနှင့် ကုန်ထုတ်စွမ်းအားမြှင့်တင်ခြင်း – အချိန်ကို တန်ဖိုးရှိစွာ အသုံးပြုပြီး ပိုမိုလုပ်ဆောင်နိုင်ရန် နည်းလမ်းများ။
– ပန်းတိုင်ချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်း – ရည်မှန်းချက်များကို မည်သို့ချမှတ်ပြီး နေ့စဉ် အလေ့အကျင့်များဖြင့် မည်သို့ အကောင်အထည်ဖော်ရမည်။
– စိတ်နေစိတ်ထားနှင့် စိတ်ပိုင်းဆိုင်ရာခွန်အား – အောင်မြင်မှုအတွက် မရှိမဖြစ်လိုအပ်သော အပြုသဘောဆောင်သည့် စိတ်နေစိတ်ထားနှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု။
– စဉ်ဆက်မပြတ် သင်ယူခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်း – ဘ၀တစ်လျှောက်လုံး သင်ယူမှုနှင့် မိမိကိုယ်ကို မြှင်တင်မှု၏အရေးပါပုံ။
– ကျန်းမာရေးနှင့် ကိုယ်ပိုင်စောင့်ရှောင်မှု – ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို မည်သို့ ထိန်းသိမ်းရမည်။
– ဆက်ဆံရေးနှင့် ကွန်ရက်ချိတ်ဆက်မှု – အခြားသူများနှင့် အဓိပ္ပာယ်ရှိသော ဆက်ဆံရေးများ တည်ဆောက်ခြင်း။

စသည့် အကြောင်းအရာများ ပါဝင်ပါသည်။ ဤအလေ့အကျင့်များသည် သီအိုရီသက်သက်မဟုတ်ဘဲ လက်တွေ့ဘ၀တွင် အောင်မြင်မှုရရှိခဲ့သော ပုဂ္ဂိုလ်များ၏ ဘ၀နမူနာနှင့် သုတေသနပြုချက်များအပေါ် အခြေခံထားပြီး အလေ့အကျင့်တစ်ခုစီတိုင်းကို မည်သို့ စတင်ရမည်၊ မည်သို့ ထိန်းသိမ်းရမည်နှင့် ကြုံတွေ့ရနိုင်သည့် အခက်အခဲများကို မည်သို့ ကျော်လွှားရမည်ကို လက်တွေ့ကျကျ လမ်းညွှန်ပေးထားပါသည်။

စာမျက်နှာ

143 (Creamy paper)

စာအုပ်အရွယ်အစား

5.7 x 0.3 x 8.1 inches

ပုံနှိပ်မှတ်တမ်း

ရွှေသစ္စာစာပေ၊ 2025 စက်တင်ဘာလ (ပထမအကြိမ်)

Out of stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အောင်မြင်သောလူပုဂ္ဂိုလ်များ၏အလေ့အကျင့်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ကိုသန့် (Wheel-turning) စာအုပ်များ