


အာဏာ နိုင်ငံရေးနှင့်ပြောင်းလဲခြင်း
15000 (ကျပ်)
အာဏာရဲ့ ပင်ကိုသဘာဝက သမာသမတ်ကျခြင်းပါပဲ။ လူကောင်းသူ ကောင်းတစ်ယောက် အာဏာကိုင်စွဲထားရင် ကောင်းကျိုးအထွေထွေ ဖြစ်ထွန်းစေ ပါမယ်။ ဆင်ခြင်တုံတရားကင်းမဲ့တဲ့သူလက်ထဲ အာဏာကျရောက်သွားရင်တော့ ကျိန်စာတိုက်ခံတာနဲ့ အလားသဏ္ဍာန် တူပါတယ်။ အာဏာနဲ့ပတ်သက်ပြီး နှစ်ရာထောင်ချီ ကျုပ်တို့ ပြစ်တင်ဝေဖန်ခဲ့ကြတယ်။ အာဏာကို ပြစ်တင်ဝေဖန်နေမယ့်အစား လူ့အတွင်းစိတ်မှာ ပုန်းခိုနေတဲ့ ဗီဇဆိုးတွေကို သန့်စင်ဆေးကြောပစ်ရပါမယ်။ ဒီအဓိကအချက်ကို ကျုပ်တို့ မေ့လျော့နေခဲ့ကြတယ်….။
သြဇာနဲ့ အာဏာဟာ လုံးဝ ခြားနားပါတယ်။ ခြားနားရုံတင်မက ဖြောင့်ဖြောင့်ကြီးကို ဆန့်ကျင်ဘက်ကျပါတယ်။ လူတစ်ယောက်ဟာ သူ့အကြောင်း၊သူ့ကိုယ်ပိုင်ဖြစ်တည်မှုနဲ့ ဘဝရဲ့အဓိပ္ပါယ်ကို နားလည်သဘော ပေါက်လာတာနဲ့ တစ်ပြိုင်နက် ကရုဏာဘက်ကို ပိုပြီးတိမ်းညွှတ်တယ်လို့ ဆိုရပါမယ်။ နေမင်းရဲ့ အလင်းရောင်လို မပူပြင်းဘဲလမင်းရဲ့အလင်းရောင်လို တည်ငြိမ်အေးမြ ပါတယ်။ သူဟာ ဂုဏ်သိက္ခာနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အသွင်ဆောင်လာတယ်။ ပြည့်ဝတဲ့သဘောထားကြောင့် တစ်ဖက်သားအပေါ်မှာ လွှမ်းမိုးခြယ်လှယ်ချင်တဲ့ စိတ် ရှိမနေပါဘူး။ ဒါကို ‘ဆန်းကြယ်တဲ့ အာဏာ”လို့ ခေါ်ပါတယ်။
အခြားသူ အပေါ် လွှမ်းမိုးတဲ့အာဏာကတော့ နိုင်ငံရေးပေါ့…. ။ နောက်ပြီး အခြားသူတွေအပေါ် လွှမ်းမိုးခြယ်လှယ်အာဏာပြတတ်သူဟာ …… နိမ့်ကျတဲ့ စိတ်နေစိတ်ထားရှိတဲ့သူတွေ၊ အခြားသူတွေနဲ့ အမြဲယှဉ်ပြိုင်ပြီးတော့ သိမ်ငယ်စိတ် ဖြစ်နေတတ်ကြသူတွေ၊ သိမ်ငယ်စိတ်ကို ဖုံးကွယ်ပစ်တတ်သူတွေ …. အခြားသူတွေထက် အစစအရာရာ သာ တယ်ဆိုပြီး တစ်လောကလုံးကို ထင်တစ်လုံးနဲ့ သက်သေပြချင်နေသူတွေပါပဲ။
နိုင်ငံရေးသမားတွေဟာ ဒီလိုနိမ့်ကျတဲ့ စိတ်ထားဖွဲ့စည်းမှုဒဏ်ကို ခံနေရသူ တွေချည်းပါပဲ။ နိုင်ငံရေးသမားအားလုံး စိတ်ပိုင်းဆိုင်ရာကုသမှု လိုအပ်ပါတယ်။ သူတို့ဟာ ကူးစက်ရောဂါလိုပါပဲ။ သူတို့ကြောင့် ကမ္ဘာတစ်ဝန်းလုံး ကြီးမားစွာ အတိ ဒုက္ခရောက်ခဲ့ကြရပါတယ်။ နှစ်ပေါင်း (၃၀၀၀) အတွင်း စစ်ပွဲပေါင်း (၅၀၀၀) ဖြစ်ပွားခဲ့ရပါတယ်။နိုင်ငံရေးသမားနဲ့ ဘုန်းတော်ကြီးဟာ ဘာမှမခြားနားပါဘူး။ သူတို့ဟာ ပုံစံခွက်တစ်ခုထဲက ပုဂ္ဂိုလ်တွေပါပဲ။ အာဏာကို မက်မောတဲ့ လိုအင်ဆန္ဒတွေကလည်း တစ်ပုံစံတည်းပဲ။ ဒါပေမဲ့ မတူညီတဲ့နယ်ပယ်ကို သူတို့ ရွေးချယ်ထားကြတယ်။
နိုင်ငံရေးသမားက မြင်သာတဲ့ လောကကို ရွေးချယ်တယ်။ ဘာသာရေးနယ်ပယ်ကို နိုင်ငံရေးသမားက ဝင်ရောက်မစွက်ဖက်သလို နိုင်ငံရေးလောကကိုလည်း ဘာသာရေးက မစွက်ဖက်ဖို့ တရားဝင် ပြောကြားထားခြင်းမရှိတဲ့ သဘောတူညီချက်တစ်ရပ် တည်ရှိနေတယ်။ လူသားမျိုးနွယ်ကို ဒီသဘောတူညီချက်နဲ့ လွှမ်းမိုးချုပ်ကိုင် နိုင်ဖို့ သူတို့ ကြိုးပမ်းကြတယ်။ တစ်ယောက်က ပြင်ပလောကနဲ့ သက်ဆိုင်ပြီး အခြားတစ်ယောက်က အတွင်းလောကနဲ့ သက်ဆိုင်တယ်။ လောကနှစ်ခုဟာ သီးခြားဖြစ်နေတာကြောင့် အငြင်းပွားမှုတွေ မဖြစ်ပွားပါဘူး။ဒါ့ပြင် သမိုင်းကြောင်းတစ်လျှောက်လုံးမှာ သူတို့တတွေဟာ တစ်ဦးကိုတစ်ဦး ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ နိုင်ငံရေးသမားတွေကို ဘုန်းတော်ကြီးတွေက ဆုမွန်ကောင်းတောင်းပေးသလို ဘုန်းတော်ကြီးတွေကိုလည်း နိုင်ငံရေးသမားတွေက ချီးမွမ်းခန်းဖွင့်ကြပါတယ်။ တစ်ခါတစ်ရံမှာ အလွန်အူကြောင်ကြောင်နိုင်ပြီး ဟာသဆန်တဲ့ ဖြစ်ရပ်တွေဖြစ်ပွားခဲ့ရတယ်။
ဒုတိယကမ္ဘာစစ်မှာ ဂျာမနီနိုင်ငံ နိုင်ငံတော်ကြီး အောင်ပွဲခံဖို့ အဒေါ့ဖ်ဟစ်တလာကို ဘုရားသခင်ထံမှာ ခရစ်ယာန်ဂိုဏ်းချုပ်က ဆုတောင်းပေးခဲ့တယ်။ အလားတူပါပဲ။ အင်္ဂလန်နိုင်ငံမှာတော့ ဂျာမနီရှုံးနိမ့်ပြီး အင်္ဂလန်အောင်ပွဲခံဖို့ ခရစ်ယာန်ဂိုဏ်းချုပ်က ဆုတောင်းပေးတယ်။ ဂိုဏ်းချုပ်တွေကက ဘာသာတူပြီး ဘုရားကလည်း တစ်ဆူတည်းဖြစ်နေတယ်။ ပြဿနာက ဂျာမန်ဘုန်းတော်ကြီးဟာ ဂျာမန် နိုင်ငံရေးသမားတွေနဲ့ သဘောတူညီချက် တည် ဆောက်ထားပြီး အင်္ဂလန်ဘုန်းတော်ကြီးကတော့ အင်္ဂလန် နိုင်ငံရေးသမားတွေနဲ့ သဘောတူညီချက် တည်ရှိနေတပါ။ ဒီတော့ ဘုရားသခင်ကို စိတ်ရှုပ်အောင် ဘယ်သူက လုပ်နေတာလဲ…။
နိုင်ငံရေး၊ ဘာသာရေးနဲ့ ပတ်သက်တဲ့ အတွေးအမြင်စနစ်တွေဟာ ကျဆုံးနေပါပြီ။ အနာဂတ်လူသားအတွက် အသေးစိတ်စီမံချက်တွေ လိုအပ်နေပြီဆိုတာ ပီပြင် ထင်ရှားလာပါတယ်။ ဒီကျရှုံးမှုဟာ ရှောင်လွှဲလို့ မရနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီအရာအားလုံးဟာ ထုံးတမ်းစဉ်လာကို အဓိကအခြေပြုကြလို့ပါ။ အစဉ်အလာမှန်သမျှဟာ အနှေးနဲ့အမြန် လူတွေရဲ့စိတ်ကို လေးလံလာစေတယ်။ အစဉ်အလာတွေရဲ့ ချုပ်နှောင်မှုဟာ တစ်နေ့မဟုတ်တစ်နေ့မှာ ဆန့်ကျင်ပုန်ကန်မှုကို ပေါ်ပေါက်စေတယ်။ သမိုင်းကြောင်းကို လေ့လာ ဆန်းစစ်ဖူးပါသလား။ တော်လှန်ရေးတိုင်းဟာ ဖိနှိပ်အုပ်ချုပ်မှုတွေကတစ်ဆင့် ဖြစ်လာကြတာပါ…. ။
ဒါပေမဲ့ ဒါဟာ တော်လှန်ရေး မဟုတ်ပါဘူး။ ပုန်ကန်ထကြွမှု ဖြစ်တယ်။ တော်လှန်ရေးဆိုတာ လူတိုင်းနဲ့သက်ဆိုင်ပြီး ပုန်ကန်မှုက တစ်သီးပုဂ္ဂလကိစ္စ ဖြစ် တယ်။ လူမှုအဖွဲ့အစည်းအပေါ် ပေးအပ်ထားတဲ့ အစဉ်အလာတွေကို ကျုပ်တို့ စိတ်မဝင်စားကြတော့ဘူး။ အစဉ်အလာတွေက လုံလောက်နေပါပြီ။ အစဉ်အလာ မှန်သမျှ ထွက်သွားခိုင်းလိုက်ပါ။ကမ္ဘာလောကကြီးမှာ လူတစ်ဦးချင်းဟာ အသိ တရားနဲ့ လွတ်လပ်စွာ ရှေးရှုရှင်သန်ဖို့ ကျုပ်တို့ လိုချင်ကြတယ်။ လူတွေရဲ့ တာဝန်ယူမှုဟာ သူတို့ကိုယ်ပိုင် အသိတရားကနေ ထွက်ပေါ်လာရပါမယ်။ ပညတ်တော်တွေကို ကြိုးစား လိုက်နာနေကြတာမျိုးမဟုတ်ဘဲ ကိုယ်ပိုင်အသိနဲ့ အတိအကျ မှန်ကန်စွာ ပြုမူနေထိုင် ကြတယ်။ ဘာကြောင့်လဲဆိုတော့ အပြုသဘောဆောင်တဲ့ စိတ်ဓာတ်တွေ ရှိနေလို့ပါပဲ။
အကယ်၍ လူသားမျိုးနွယ်ဟာ မေ့ဆေးအပေးခံပြီး သတိလစ်အိပ်မောကျနေကြရင် နိုင်ငံရေးသမားတွေရဲ့အာဏာဟာ ဆက်လက်တည်မြဲနေပါမယ်။ ဘုန်း တော်ကြီးတွေကလည်း ဆက်ပြီး ခေါင်းပုံဖြတ် အမြတ်ထုတ်နေကြမှာပါပဲ။ အကယ်၍ လူသားမျိုးနွယ် နိုးထလာခဲ့ရင် နိုင်ငံရေးသမားတွေနဲ့ ဘုန်းတော်ကြီးတွေကို မလိုအပ်တော့ပါဘူး။
ပုပ်ရဟန်းမင်းကြီး၊ ဗာတီကန်နဲ့ အသင်းတော်တွေကိုလည်း ဘယ်တိုင်း နိုင်ငံအတွက်မှ လိုအပ်တော့မှာ မဟုတ်ဘူး။ လိုအပ်မှုတွေ ကွယ်ပျောက်သွားပါမယ်။ လုံးဝ ကွဲပြားခြားနားတဲ့ လူ့အသိစိတ် အရည်အသွေးတစ်ရပ် ပေါ်ပေါက်လာပါမယ်။ ဒီအရည် အသွေး ဖြစ်တည်လာဖို့ လိုအပ်နေပါတယ်။ လူ့အသိစိတ်ဟာ ဆင့်ကဲဖြစ်စဉ် ရဲ့ အဓိကကျတဲ့နေရာကို ရောက်ရှိနေပါပြီ။ သစ်လွင်လတ်ဆတ်တဲ့ အသိဉာဏ်တစ် ရပ်ကို အရေးတကြီး လိုအပ်နေပါတယ်။ ဘာသာရေးနဲ့ နိုင်ငံရေးလွှမ်းမိုးမှု ကနေ လွတ်မြောက်ဖို့ ဒီအသိဉာဏ်က ဖော်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။
| စာမျက်နှာ | 280(burma paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.3 x 0.5 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ယဉ်မျိုးစာပေ၊ 2025 ဒီဇင်ဘာလ (ပထမအကြိမ်) |
4 in stock
ကိုမောင်အောင်(လဲချား) စာအုပ်များ
-
ကိုမောင်အောင်(လဲချား)အာဏာ နိုင်ငံရေးနှင့်ပြောင်းလဲခြင်း
15000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)


ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ