
ပိုးချည်မျှင် မိုးနဂါး
7000 (ကျပ်)
ဒုတိယကမ္ဘာစစ်အတွင်း တရုတ်ပြည်သို့ ဂျပန်ကျူးကျော်စစ်ကာလအတွင်း ရှန်ဆွေရှင်းလူလားမြောက်ခဲ့သည်။ ဘောက်ဆာပညာတော်သင်ဆုဖြင့် အမေရိကန်နိုင်ငံ မက်ဆာချူးဆက် စက်မှုတက္ကသိုလ်တွင် လေကြောင်းသိပ္ပံပညာ သင်ကြားခွင့်ရခဲ့သည်။ စစ်ကာလအတွင်း ဂျာမန်ဒုံးပျံပညာရှင်များနှင့် တွေ့ဆုံပညာယူခဲ့ပြီး အမေရိကန်ထိပ်တန်းလျို့ဝှက် ဒုံးလက်နက်သုတေသနနယ်ပယ်တွင် ရှေ့တန်းမှပါဝင်လုပ်ကိုင်ခွင့်ရခဲ့သည်။ စစ်အေးကာလတိုက်ပွဲများအတွင်း အမေရိကန်နှင့်တရုတ်နိုင်ငံတို့ကြား မြေစာပင်ဖြစ်ခဲ့ရသည်။ ကွန်မြူနစ်တံဆိပ်အကပ်ခံရကာ ပြည်နှင်ဒဏ်ပေးခံရသည်။ အနုမြူနည်းပညာဆိုင်ရာ လျို့ဝှက်စာရွက်စာတမ်းများ ခိုးထုတ်သည်ဟု စွပ်စွဲပြီး အထိန်းသိမ်းခံခဲ့ရသည်။ သုံ့ပန်းဖလှယ်ရေးအစီအစဉ်အရ ပြည်တော်ပြန်ခဲ့ပြီး တရုတ်ပြည်၏ဒုံးပျံစီမံကိန်းကို ဦးဆောင်ခဲ့သည်။ အနုမြူဗုံးတပ် ဒုံးပျံနှင့်အရှေ့သည်နီ၏ အမည်ရှိ ဂြိုလ်တုကိုအောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။ မော်ဇေတုန်း၏ ပန်းပေါင်းတစ်ရာပွင့်ပါစေ ကြွေးကြော်သံအောက်တွင် ကြွက်ဖမ်း၊ စာခြောက်ကွန်မြူနစ်ရဲဘော်ကြီးဖြစ်ခဲ့ရသည်။ ယဉ်ကျေးမှုတော်လှန်ရေးကာလနှင့် ဒိန်ရှောက်ပိန်ခေတ်တို့ကို ဖြတ်သန်းပြီးနောက် တရုတ်အစိုးရ၏ ထူးခြားစွမ်းဆောင် နိုင်ငံတော်သိပ္ပံပညာရှင်ဆုကို ချီးမြှင့်ခံခဲ့ရသည်။ တရုတ်ပြည်၏ ဒုံးပျံပါရဂူ၊ လေကြောင်းနှင့်အာကာသသိပ္ပံပညာရှင် ရှန်ဆွေရှင်း၏ ဇာတ်ဆန်လှသော အတ္ထုပ္ပတ္တိကို ဘိုးလှိုင် က ပိုးချည်မျှင် မိုးနဂါး အမည်ဖြင့် မြန်မာပြန်ဆိုပြီး နောက်ဆက်တွဲအဖြစ် ဒုံးပျံဆိုင်ရာ အသိပညာများကို မျှဝေထားသည်။
| စာမျက်နှာ | 267 |
|---|---|
| စာအုပ်အရွယ်အစား | 5.6 x 0.4 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | လွင်ဦးစာပေ 2023 မတ်လ(ဒုတိယ-ကြိမ်) |
5 in stock


ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ