စစ်မိစ္ဆာနှင့်ဉာဏ်ကစားပွဲ

( 0 မှတ်ချက်)

8500 (ကျပ်)

– စစ်ကာလအတွင်း နာဇီ၊ ဖက်ဆစ် စစ်မိစ္ဆာတွေဟာ လူမဆန်တဲ့ နည်းလမ်းတွေနဲ့ အကြောက်တရားစိုးမိုးအောင်လုပ်ပြီး ကြီးစိုးခြယ်လှယ်ဖို့ကြိုးစားချိန်မှာ မကြောက်တရားကိုင်စွဲပြီး လူသားဆန်စွာရပ်တည်ခဲ့သူတွေအမှန်တကယ် ရှိခဲ့တဲ့အကြောင်း . . .
– ဤ စာအုပ်သည် ထိုသူများအကြောင်းဖြစ်ပါတယ်။
– ပထမပိုင်းမှာ နာဇီဂျာမနီတို့ ဥရောပကို ကျူးကျော်တဲ့ကာလ ဘယ်ဂျီယံနိုင်ငံကို အခြေခံထားပါတယ်။ ဘယ်ဂျီယံကို နာဇီတို့သိမ်းပိုက်ပြီးနောက် ဘယ်ဂျီယံနိုင်ငံသားတို့ တော်လှန်ကြရာမှာ ဂတ်စတာပိုက တော်လှန်ရေးသမားတိုင်းကို သေဒဏ်စီရင်ခဲ့ပါတယ်။ ဒီအခြေအနေမှာ ဘယ်ဂျီယံကို ပညာတော်သင်ရောက်နေပြီး အိမ်ထောင်ကျကာ ဂျပန်ကျူးကျော်စစ်ကြောင့် အိမ်မပြန်နိုင်ဘဲဖြစ်နေတဲ့တရုတ်အမျိုးသမီး ကျန်းရှုလင်နဲ့ နာဇီတို့ရဲ့လုပ်ရပ်ကိုသဘောမကျတဲ့ ဘယ်ဂျီယံနိုင်ငံဆိုင်ရာစစ်ဘက်အုပ်ချုပ်ရေးမှူး ဗိုလ်ချုပ်ကြီးဗွန်ဖယ်လ်ကင်ဟော်ဆင်တို့က သေဒဏ်ကျတော်လှန်ရေးသမားတွေကို သေဒဏ်ကနေကင်းလွတ်ခွင့်ရအောင် ကြိုးစားလုပ်ဆောင်ခဲ့ကြ ရုပ်ရှင်ပြကွက်တွေလိုရေးသားထားတာပဲဖြစ်ပါတယ်။

– ဒုတိယပိုင်းမှာ ဂျပန်တို့ နန်ကင်းမြို့ကိုကျူးကျော်ဝင်ရောက်တဲ့ကာလကို အခြေပြုထားပါတယ်။ တရုတ်အမျိုးသားအစိုးရ နန်ကင်းကိုစွန့်ခွာသွားပြီး ပြည်သူခြောက်သိန်းဝန်းကျင်မပြေးနိုင်ဘဲကျန်နေချိန်မှာ ဂျာမန်စီးပွားရေးသမားရာဘေးနဲ့ နိုင်ငံခြားသားအယောက် ၂၀ ခန့်က နန်ကင်းဘေးကင်းဇုန်တည်ထောင်ကာ အရပ်သားတွေကို ဖက်ဆစ်ဂျပန်တို့ သတ်ဖြတ်မယ့်ဘေးကနေ ကာကွယ်ပေးခဲ့ကြတဲ့အကြောင်းဖြစ်ပါတယ်။

– တတိယပိုင်းမှာလည်း ဂျပန်ကျူးကျော်စစ်ကာလကိုပဲအခြေပြုထားပါတယ်။ တရုတ်နိုင်ငံမြောက်ပိုင်းကို ဂျပန်တို့သိမ်းယူပြီးနောက် တရုတ်နိုင်ငံရဲ့အကြီးဆုံးဘိလပ်မြေစက်ရုံ ဂျပန်တို့လက်ထဲပါသွားချိန်မှာ တရုတ်ဘိလပ်မြေပညာရှင်ချန်ဖန်ယုက ဘိလပ်မြေလုပ်ငန်းဘုတ်အဖွဲ့ကိုတင်ပြပြီး နန်ကင်းမြို့အနီးမှာ အာရှအကြီးဆုံးဘိလပ်မြေစက်ရုံကြီးကို စတင်တည်ထောင်ပါတယ်။ ဒါပေမဲ့ ဂျပန်တို့ နန်ကင်းကိုသိမ်းယူပြီးနောက် ထိုဘိလပ်မြေစက်ရုံကြီးလည်း ဂျပန်လက်ထဲကျရောက်သွားချိန်မှာ ကျန်းနန်ဘိလပ်မြေလုပ်ငန်းဘုတ်အဖွဲ့က ဒိန်းမတ်နိုင်ငံသား ဆင်းဘတ်နှင့် ဂျာမနီနိုင်ငံသား ဂွန်သာတို့ကို စက်ရုံမှာတာဝန်ပေးပြီးကာကွယ်စေခဲ့ပါတယ်။ နိုင်ငံခြားသားနှစ်ယောက်ကလည်း ကျယ်ဝန်းလှတဲ့ဘိလပ်မြေစက်ရုံဝင်းအတွင်း စစ်ဘေးရှောင်စခန်းတည်ဆောက်ခဲ့သလို စစ်အတွက်ဂျပန်တို့တောင်းဆိုတဲ့ ဘိလပ်မြေထုတ်လုပ်မှုကိုလုံးဝလုပ်မပေးဘဲ နောက်ဆုံးအချိန်ထိတောင့်ခံခဲ့ကြတဲ့အကြောင်းဖြစ်ပါတယ်။

စာမျက်နှာ

334 (woodfree Paper)

စာအုပ်အရွယ်အစား

5.3× 0.6 × 8.2 inches

ပုံနှိပ်မှတ်တမ်း

ဂျာနယ်လစ်စာပေ၊ 2023 မတ်လ (ပထမအကြိမ်)

5 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“စစ်မိစ္ဆာနှင့်ဉာဏ်ကစားပွဲ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ခိုင်ထွန်း စာအုပ်များ