ပါးပြင်ထက်က ပါးချိုင့်လေးနှင့် ပန်းနုရောင်နှလုံးသားဝတ္ထုများ
2800 (ကျပ်)
ဆရာသည် ဘဝရသများကို အတွေးလှလှနှင့် ရေးပြတတ်သူဖြစ်သည်။ ဆရာ့စာများကို ဖတ်ကြည့်သည့်အခါ တွေးစရာတစ်ခုခု၊ ဒါမှမဟုတ် မှတ်သားစရာတစ်ခုခု၊ ဒါမှမဟုတ် ဆင်ခြင်စရာတစ်ခုခု၊ ဒါမှမဟုတ် လွမ်းစရာတစ်ခုခုကို ခံစားရတတ်သည်။
ယခုလည်း ဆရာသည် ပါးပြင်ထက်က ပါးချိုင့်လေးနှင့် ပန်းနုရောင်နှလုံးသားဝတ္ထုများ ဆိုပြီး အချစ်၊ ဘဝ၊ အလွမ်းများကို ရေးသားဖွဲ့သီလိုက်ပြန်ပြီဖြစ်၏။
ဆရာ့၏စာအုပ်ထဲတွင် ” ခါတော်မီ ” ခေါင်းစဥ်ဖြင့် ကဗျာတစ်ပုဒ်လည်း ပါဝင်သည်။ ကဗျာက –
” ခါတော်မီ”
=======
ဘဝကတိုတယ်
နေမကွယ်ခင်မှာ
ချစ်တယ်ဆိုတဲ့အကြောင်း
ခွင့်လွှတ်တယ်ဆိုတဲ့အကြောင်း
ပြီးတော့ ….
သူ့မှာ ရှိသမျှ ကောင်းကွက်တွေ
ကျေးဇူးတင်သင့်တဲ့အချက်တွေ
သူနဲ့ ကိုယ့်ကြား
ပြောသွားပါ့ရစေ . . . .
အချစ်နဲ့ ဘဝကို တွဲယှဉ် ဖွဲ့သီထားတဲ့ဘ၀ထဲက ပန်းနုရောင်နှလုံးသား၀တ္ထုများ …
စာမျက်နှာ | 133 |
---|---|
စာအုပ်အရွယ်အစား | 5.2 × 0.4 × 8.2 inches |
ပုံနှိပ်မှတ်တမ်း | ကောင်းမွန်စာပေ၊ 2021 ဖေဖော်ဝါရီလ |
16 in stock
U Aye Kyaw –
အတွေးလှလှနှင့်ရေးပြနိုင်သူပါ။ ဆရာ့ရဲ့ ပထမစာအုပ် ‘မျက်ရည်ကျဖို့လိုသလား’စာအုပ်ကို ဖတ်ဖူးပါတယ်။ အလွန်ကောင်းပါတယ်။ ယခုစာအုပ်လည်း အောင်မြင်ပါစေ။
မဝတ်ရည်ကို –
စာရေးဆရာရှေ့နေကြီး …..
အောင်မြင်ပါစေ ….
ပထမစာအုပ်တော့ ဖတ်လို့ကောင်းပါတယ်။
ယခုစာအုပ်လည်း ဖတ်လို့ကောင်းမယ်ဟု ယုံကြည်လျက်