အဖြူရောင်ပန်းတစ်ပွင့်
5000 (ကျပ်)
မိခင်ဖြစ်သူက အကြောင်းတိုက်ဆိုင်တိုင်း ပြောပြတတ်သည့် ကိုယ်တွေ့ဇာတ်ကြောင်းကို ဆရာမခင်လှိုင်ကြူက အနုပညာမြောက်အောင်ဖန်တီးရက်ချယ်ထားသည့် ဝတ္ထုဖြစ်ပါသည်။အဓိကဇာတ်ကောင်မြနှင်းသည် သာမန်မိသားစုမှကြီးပြင်းလာသော အကြော်သည်လေးတစ်ယောက်ဖြစ်သည်။ ငယ်ဘဝ နီးစပ်သူတစ်ယောက်အပေါ် ဖွင့်မပြောဖြစ်ကြသည့် အပြန်အလှန် သံယောဇဉ်ရှိခဲ့ဖူးပေမဲ့ အကြောင်းတစ်ခုကြောင့် ကွဲကွာသွားကြရသည်။ မြနှင်း၏ဘဝ တစ်ဆစ်ချိုးမှာ မိဘများအလိုကျ မုဆိုးဖိုသူဌေးလေးတစ်ဦးနှင့်လက်ထပ်ခဲ့ရသည်။ ခင်ပွန်းအသိုင်းအဝိုင်းမှာချမ်းသာကြွယ်ဝကြ၍ အတူနေ ယောင်းမများ၏ နှိမ့်ချဆက်ဆံခြင်းကို ဦးစွာရင်ဆိုင်ခဲ့ရသည်။ မြနှင်း၏ လိမ္မာပါးနပ်မှု၊စိတ်ရှည်သီးခံမှုတို့ကြောင့် ယောင်းမများနှင့်ပြေလည်ရုံသာမက ညီမသားချင်းသဖွယ် ချစ်ခင်မှုကို ရယူနိုင်ခဲ့သည်။
အဖြူရောင်ပန်းတစ်ပွင့်ဟု အမည်ပေးထားသော ယခုဝတ္ထုနှင့်ပတ်သက်၍ ခေတ်အခြေအနေအပြောင်းအလဲများကြောင့်စီးပွားပျက်မုဆိုးမဘဝနှင့် အခက်အခဲအမျိုးမျိုးကို ရင်ဆိုင် ဖြေရှင်း ဖြတ်သန်းခဲ့သော မြနှင်းဘဝ ဇာတ်ကြောင်း(သို့) ဆရာမခင်လှိုင်ကြူက သူ၏မိခင်ကိုယ်တွေ့ဖြစ်ရပ်များကို ဖတ်ချင်စဖွယ် အနုပညာမြောက်အောင် ဖန်တီးရက်ချယ်အသက်သွင်းထားသည့် ရသမြောက် ဇာတ်လမ်းရှည် တစ်ပုဒ်ဟု ဆိုချင်ပါသည်။
စာမျက်နှာ | 264 |
---|---|
စာအုပ်အရွယ်အစား | 5.2 x 0.4 x 8 inches |
ပုံနှိပ်မှတ်တမ်း | လင်းလွန်းခင်စာပေ၊ 2022 ဇူလိုင်လ(ပထမအကြိမ်) |
4 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ