


ပန်းနုရောင်သက္ကရာဇ်များ
3000 (ကျပ်)
ပန်းနုရောင် သက္ကရာဇ်များတွင် ကေဝိုင်ကိုကျွန်တော် တွေ့ရသည်။ သူသည် ကျေးတောသားတစ်ယောက် ဖြစ်သည်။ တက္ကသိုလ်တွင် ပညာသင်ပြီးနောက် အရာထမ်းတစ်ယောက် ဖြစ်လာသည်။ သူ့အလုပ်ဌာန သဘာဝက ရွာရိပ်ဝန်းကျင် မြို့ရိပ်ဝန်းကျင်တို့နှင့်ပတ်သက် ဆက်စပ်နေသည်။သူ့အက်ဆေးများတွင် ထိုအရိပ်တွေ ထင်ဟပ်နေသည်။ သူ၏အက်ဆေးများသည် ထိုနေရာမှမွေးဖွားလာခြင်း ဖြစ်သည်။ကျေးလက်အတွေ့အကြုံ ၊ကျေးလက်ခံစားမှုကို တွေ့ရသည်။ မြို့ပြအတွေ့အကြုံ၊မြို့ပြခံစားမှုကို သူ့အက်ဆေးမှာတွေ့ရသည်။ ငယ်ဘဝ၊ရွာအလွမ်းနှင့်တမ်းတချက်များပါသည်။ လယ်သမား၊ငါးရှာဖားရှာသူများ၊ ဆိုက်ကားသမား၊ အခြေခံလူတန်းစားအပေါ် သူ့အာရုံကဝင်စား တိမ်းညွှတ်နေသည်။ဘဝဖြတ်သန်းမှုနှင့် အတွေ့အကြုံတွေကို ခေတ်ပညာတတ် စာသမားတစ်ယောက်၏ခံစား တွေးမြင်မှုနှင့် ယက်ရှယ်လိုက်သောအခါ သူ့အက်ဆေးများသည် ဖတ်ချင့်စဖွယ်၊ဖွယ်ဖွယ်ရာရာ ရှိသည်ဟုအောက်မေ့မိသည်။
ဆရာမောင်ရင့်မာ (ကျောင်းကုန်း )၏အမှာစာမှ ကောက်နှုတ်ဖော်ပြချက်
စာမျက်နှာ | 170 |
---|---|
စာအုပ်အရွယ်အစား | 4.9 x 0.4 × 8.3 inches |
ပုံနှိပ်မှတ်တမ်း | ပဉ္စဂံစာပေ၊ 2022 ဇူလိုင်လ (ပထမအကြိမ်) |
3 in stock
ကေဝိုင် စာအုပ်များ
-
ကေဝိုင်
ပန်းနုရောင်သက္ကရာဇ်များ
3000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ